ထိုင်း SME လုပ်ငန်းရှင်များ မြန်မာနှင့် အကျိုးတူပူးပေါင်းရေး ဆွေးနွေးမည်
This article has been converted from Zawgyi One to Unicode
ထိုင်း ရက်သတ္တပတ် စီးပွားရေး ဆွေးနွေးခြင်း ပွဲတော် (Thailand Week Bizmatch Fair) တခုကို ဧပြီ ၃၀ ရက်တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ နံနက် ၁၀ နာရီမှ ညနေ ၅ အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲကို ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ စီးပွားရေး မြှင့်တင်မှု ဌာန (DITP) မှ ဦးဆောင် စီစဉ်ပေးခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်လိုသူများ အနေနှင့် www.bizmatch-myanmar.com ဝဘ်ဆိုက် ကနေတဆင့် စာရင်းသွင်းနိုင်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်း သံရုံးက ပြောသည်။ ယင်းဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အစားအစာနှင့် အဖျော်ယမကာများ၊ အဝတ်အစား၊ အထည်အလိပ်၊ ဖက်ရှင် အသုံးအဆောင်ပစ္စည်း ကုမ္ပဏီများ အပါအဝင် ထိုင်းနိုင်ငံမှ အသေးစား၊ အလတ်စား(SME) ကုမ္ပဏီ လုပ်ငန်းပေါင်း ၄၀ ကျော်ကနေ လာရောက်ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် မေ ၂ ရက်မှ ၅ ရက်နေ့ အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ထိုင်း-မြန်မာ ကုန်စည်ပြပွဲတရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။