ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဓာတုလက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက် အတိုင်း လိုက်နာကျင့်သုံးရန် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၆ နိုင်ငံကို တိုက်တွန်းလိုက်သည်။ မြန်မာ၊ မြောက်ကိုရီးယား၊ တောင် ဆူဒန်၊ အစ္စရေး၊ အီဂျစ်နှင့် အင်ဂိုလာ နိုင်ငံများသည် အပြည့်အ၀ လိုက်နာကျင့်သုံးရန် ပျက်ကွက်နေဆဲ ဖြစ်ကြောင်း ၁၉၉၇ ခုနှစ် နိုင်ငံတကာ သဘောတူညီချက် စတင်ကျင့်သုံးခဲ့သည့် နှစ်ပတ်လည် အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် ၎င်းက ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၃ ခုနှစ်တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ပြီး အပြည့်အ၀ လိုက်နာကျင့်သုံးရန် ရည်ရွယ်ကြောင်း သိရသည်။ ဘန်ကီမွန်း၏ အင်္ဂါနေ့က ကြေညာချက်တွင်လည်း ဆီးရီးယားနိုင်ငံက ဓာတု လက်နက် အသုံးပြုမှု၏ ဆိုးရွားသည့် အကျိုးဆက်များကို သင်ခန်းစာယူပြီး လူသားထုကို ခြိမ်းခြောက်နေသည့် ဓာတုလက်နက်များ အသုံးမပြုရေး တိုက် တွန်းသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။