သမ္မတ ဦးသိန်းစိန် နှင့် ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရိုရှိဟီကိုနိုဒ တို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံ၍ စီးပွားရေး ဆိုင်ရာများ ဆွေးနွေးကြောင်း သိရသည်။ ယင်းသို့တွေ့ဆုံရာတွင် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ သီလဝါ စက်မှုဇုန်စီမံကိန်းနှင့် သီလဝါ ဆိပ်ကမ်း ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ဆောင်ရွက်ရေး လုပ်ငန်းများ အမြန် အကောင် အထည်ဖော်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။ အလားတူ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် နယူးဇီလန် သံအမတ်ကြီး Mr. Anthony John Lynch နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ရေး၊ လူ့စွမ်းအား အရင်းမြစ်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကဏ္ဍများတွင် နယူးဇီလန်နိုင်ငံက နည်းပညာ ကူညီရေးကိစ္စရပ်များ ဆွေးနွေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။