မြန်မာနိုင်ငံတွင် သတင်းသမားတချို့ ဖမ်းဆီးခံရခြင်း၊ ပြည်ပ သတင်းမီဒီယာ သမားများကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခြင်းများ ရှိနေ ခြင်း နှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် နိုင်ငံ ပြည်သူ့ သံတမန်ရေးရာ ဒုနိုင်ငံခြားရေးဝန်ကြီး Richard Stengel က ပြောသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာလွတ်လပ်ခွင့်ပေးခြင်း၊ ဆင်ဆာစနစ် ဖျက်သိမ်းခြင်း အပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားပေးထောက်ခံကြောင်း၊ ဧပြီ ၂၈ နှင့် ၂၉ ရက်နေ့များတွင် လာရောက်ခဲ့သည့် ၎င်း၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားပေးရန် ဖြစ်ပြီး ဆက်လက် လုပ်ဆောင်စရာများကို ထောက်ပြ တွန်းအားပေးရန်လည်း ဖြစ်ကြောင်း ရန်ကုန် အမေရိကန် သံရုံး၏ ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။