မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် တရားမဝင် ခိုးဝင်လာသူများဟု သတ်မှားထားသည့် မွတ်စလင်များကို နိုင်ငံသား အဆင့် တရပ် သတ်မှတ်ပေးရန် ကုလသမဂ္ဂက တိုက်တွန်းလိုက်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ နမ်ဘီယာ က ယမန်နေ့က International Peace Institute သို့ ပြောကြားသည့် မိန့်ခွန်း တွင် တိုက်တွန်းလိုက်ခြင်း ဖြစ်ကြောင်း၊ အကယ်၍ နိုင်ငံသားအဆင့် သတ်မှတ်မပေးပါက နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိပါးစေနိုင်ကြောင်း၊ မွတ်စလင်များ အပေါ် ခြိမ်းခြောက်မှုသည်လည်း ဆက်လက် ဖြစ်နေမည် ဖြစ်ကြောင်း AP သတင်းတရပ်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။