ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်သည် နိုင်ငံကြီးသားတိုင်း လက်မခံနိုင်သော မဖြစ်သင့်သည့် လုပ်ဆောင်မှု ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က မေ ၁ ရက်နေ့ ရေဒီယို မိန့်ခွန်းတွင် ပြောကြားသည်။ လူတချို့က ဥပဒေချိုးဖောက်သည့် လူတချို့ကို ဥပဒေနှင့် အညီ အရေးယူမှုများ ပြုလုပ်လျက် ရှိကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများ ကြိုတင်ကာကွယ်နိုင်ရေး ပေါင်းစပ် ညှိနှိုင်းရေး စင်တာ တခုကို အစိုးရအဖွဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး လုပ်ဆောင်မည် ဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက် မူကြမ်းတစောင် ရရှိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း ရလဒ်ကို အခြေခံ၍ တနိုင်ငံလုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲရေး စာချုပ်ကို မကြာမီ ချုပ်ဆိုမည် ဖြစ်ပြီး၊ လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးကို ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း များကို သမ္မတက ပြောကြားသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။