အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ၅ ရပ်ကို နိုဝင်ဘာ ၁၂ ရက် မှ ၁၄ ရက်အထိ နေပြည်တော်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ASEAN Business and Investment Summit(ABIS) ဥက္ကဋ္ဌ ဦးမိုးကျော်က ပြောသည်။ လက်ရှိဖြစ်ပေါ်နေ သော အာဆီယံ စီးပွားရေး လုပ်ကိုင်လည်ပတ်မှု အတွက် အရေးကြီးသော နယ်ပယ် ၅ခုကို ထောက်ပြ ဆွေးနွေးကြမည်လည်း ဖြစ်ကြောင်း၊ ယင်းတို့မှာ ကုန်စည်ပို့ဆောင်မှု အတွက် အရှေ့အနောက် တဆင့်ခံ ဖြတ်သန်း စင်္ကြန်လမ်းများ ခိုင်မာတောင့်တင်းရန် ကဏ္ဍ၊ ဒေသတွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွ့ံ့ဖြိုးပြီး ရေရှည်ပါဝင်နိုင်မှု အလေးထား စီစဉ်ရန် ကဏ္ဍ၊ အာဆီယံ စီးပွားရေး လုပ်ငန်းများ အတွင်းရှိ အမျိုးသမီးများနှင့်လူငယ်များ အခန်းကဏ္ဍ၊ အထူးစီးပွားရေးဇုန်များ အခန်းကဏ္ဍ နှင့် အာဆီယံ နယ်နိမိတ်လွန် ဒေသများ ၂၀၁၅ ခုနှစ် ပေါင်းစည်းမှု စိန်ခေါ်မှု အခန်းကဏ္ဍများ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။