မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (MRA) မှ ဦးစီး၍ ပထမဆုံး အကြိမ် မြန်မာဘားတန်ဒါ ၂၀၁၄ ပြိုင်ပွဲ (1st Myanmar Bartenders’ Competition 2014) ပြိုင်ပွဲကို အင်းလျားကန် ဟိုတယ်တွင် ဇွန် ၃ နှင့် ၄ ရက်နေ့များတွင် ကျင်းပမည် ဖြစ် ကြောင်း သိရသည်။ ယင်း ပြိုင်ပွဲမှာ အရက်ချင်တွယ် ဖျော်စပ် ရောင်းချသူများ ပြိုင်ပွဲ ဖြစ်ပြီး ပထမဆု ၅ သိန်း၊ ဒုတိယဆု ၃ သိန်း၊ တတိယဆု ၂ သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း၊ ပထမနှင့် ဒုတိယ ရရှိသူများကို ၁၁ ကြိမ်မြောက် အာဆီယံ Bartenders’ Championship 2014 ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပြီး၊ တတိယ ရရှိသူသည် အရန်လူအဖြစ် ရွေးချယ်ထားမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။ အသေးစိတ် သိရှိလိုပါက www.myanmar-restaurantassociation.com နှင့် ဖုန်း ၀၉ ၇၃၁ ၉၂၂၀၀ ၊ ၀၉ ၅၀၀၀ ၁၆၄၊ ၀၉ ၅၁၈ ၃၅၄၅ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။