• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

စစ်တပ်နှင့် KIA လူဖမ်းမှုများ လုပ်လာ

by ခင်ဦးသာ
6 May 2014
in Ethnic Issues
A A
စစ်တပ်, KIA, ဒုက္ခသည်, မြန်မာ့တပ်မတော်, မြစ်ကြီးနား

ပြည်တွင်းစစ် ရပ်စဲရေး ရန်ကုန် ဆန္ဒပြပွဲ တခု (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

3.2k
VIEWS
Share on FacebookShare on Twitter

ကချင်ဒုက္ခသည်များကို မြန်မာ့တပ်မတော်မှ ရက်အတန်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့အပြီး ပြန်လွှတ်ပေးလိုက်မှုနှင့် တိုက်ဆိုင်စွာ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်း တနေရာသို့ ခရီးထွက်လာသည့် အစိုးရ ဝန်ထမ်း တချို့အား ကချင်လွတ်လပ်ရေး တပ်မတော် ( KIA ) က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မေလ ၃ ရက်နေ့ က မြစ်ကြီးနားမြို့နယ် အတွင်းရှိ ဒွမ်ဂမ်ကျေးရွာနှင့် လုံဂါဇွပ်ကျေးရွာ အကြားရှိ ဧရာဝတီ မြစ်ကမ်းသို့ အပန်းဖြေလာရောက်သည့် ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား တဦးတို့ကို KIA က ဖမ်းဆီးသွားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
48
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
80
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
292

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှ အငယ်တန်း စာရေး ဦးဖြိုးဖြိုးနှင့်ယာဉ်မောင်းတို့ စီးနင်းလာသည့် ဆိုင်ကယ်ကို အရပ်ဝတ် KIA တပ်ဖွဲ့ဝင် ၆ ဦး က လမ်းပေါ်၌ ဝါးလုံးဖြင့် တားဆီး ရပ်တန့်စေခဲ့ပြီး အနီးရှိ ရာဘာခြံထဲသို့ မောင်းဝင်စေခဲ့ ကြောင်း၊ ထို့အတူ နောက်မှ လိုက်ပါလာသည့် ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား တဦးကို လည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းစာ၌ ဖော်ပြထားသည်။

KIA နယ်မြေ ၁၁ ၌ လူတချို့ ဖမ်းဆီးခြင်းသည် ဟုတ်မှန်ကြောင်း၊ သို့သော် အစိုးရဝန်ထမ်းဖြစ်၍ ဖမ်းဆီးခြင်းမျိုး မဟုတ် ကြောင်း၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ကိစ္စတချို့တွင် KIA မှ လည်း တာဝန်ယူဆောင်ရွက်နေမှုများ ရှိကြောင်း၊ အသေးစိတ် သိရှိနိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း KIA ဒု စစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ဧရာဝတီ ကို ပြောသည်။

၎င်းက “လူတချို့ကို ဖမ်းဆီးတဲ့ သတင်းကို ကျနော်တို့လည်း ကြားပါတယ်၊ ဖြစ်ပုံ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ”ဟု ဆို သည်။

ကချင်နှင့် ရှမ်းပြည်နယ် အတွင်းရှိ KIA ထိန်းချုပ်ရာ ဒေသ တချို့၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေး၍ ဒုက္ခသည် စခန်းတချို့၌ ခိုလှုံနေသည့် ဒုက္ခများကိုလည်း အစိုးရ စစ်တပ်က ပြီးခဲ့သည့်ရက်ပိုင်းက  ဖမ်း ဆီးထားခဲ့ပြီး ယမန်နေ့က ပြန်လည် လွှတ်ပေးလိုက်ကြောင်း ကချင် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီစာ က ဧရာဝတီ ကို ပြောသည်။

၎င်းက“ဒုက္ခသည် စာရင်းမှာ နာမည်မပါလို့ ဆိုပြီး အမျိုးသား ၁၄ ဦးကို ဖမ်းသွားပြီး ပြန်လွှတ်ပေးတယ်၊ အဲဒီ ၁၄ ယောက် ထဲက တယောက်ကို တခါ ပြန်ဖမ်းသွားပြီး ဒီမနက်မှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်”ဟု ဆိုသည်။

ထို ဖမ်းဆီးခံရသူ ၁၄ ဦးသည် KAI ထိန်းချုပ်ရာ မန်စီမြို့နယ် အတွင်းရှိ လဂတ်ယန် ဒုက္ခသည် စခန်းမှ အမျိုးသားများဖြစ် ပြီး၊ ၎င်းတို့အား မန်ဝိန်းကြီး ဒေသ၌ စခန်းချထားသည့် အစိုးရ စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ တပ်ဖွဲ့ဝင် များ က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

အစိုးရ စစ်တပ်နှင့် KIA တို့မှ အပြန်အလှန် ဖမ်းဆီးမှုများ ရှိသော်လည်း ဖမ်းဆီးရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ကိုမူ နှစ် ဘက်စလုံးမှ ထုတ်ပြန်မှု မရှိသေးပေ။

အစိုးရ သတင်းများ၏ အဆိုအရ ဖမ်းဆီးခြင်း ခံထားရသူများ ပြန်လည် လွတ်မြောက်ရေး အတွက် ပြည်နယ် အစိုးရက ကြိုး ပမ်းဆောင်ရွက်နေကြောင်းလည်း အစိုးရ သတင်းစာများက ရေးသားထားသည်။

အစိုးရ စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများသည် ဧပြီလ ၁၀ ရက်နေ့တွင် စတင်ခဲ့ပြီး ယနေ့တိုင် တည်ငြိမ်မှု မရှိသေး ကြောင်း၊ ဒုက္ခသည် စခန်း တချို့ရှိ ဒုက္ခသည်များ၏ စားဝတ်နေရေးမှာလည်း အခက်အခဲများ ရှိကြောင်း ဒုက္ခသည်များ အား ကူညီပေးနေသူ များ က ပြောသည်။

Your Thoughts …
Tags: Rule of Law
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
ငြိမ်းချမ်းရေး, ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း, တိုင်းရင်းသား, သမ္မတဦးသိန်းစိန်, ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ

ငြိမ်းချမ်းရေး ပျက်စီးမည်ကို ၈၈ စိုးရိမ်

ပဲကုမ္ပဏီ , ပဲကုန်သည်, မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်ကြီးများ,မိုးသက် ကုမ္ပဏီ

ငွေကြေး ပြဿနာ ဖြစ်နေသော ပဲကုမ္ပဏီ ပိုင်ဆိုင်မှု လက်ကျန်နှင့် ရှင်းမည်ဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate