သတင်းတို
မည်သည့် လက်နက်ကိုင် အဖွဲ့မဆို တပ်မတော် ကွပ်ကဲမှုအောက်တွင် ရှိရမည်
This article has been converted from Zawgyi One to Unicode
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၈ အရ နိုင်ငံအတွင်း လက်နက်ကိုင် အဖွဲ့အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက် တွင် ရှိရမည် ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ မေ ၅ ရက်က နေပြည်တော် ၌ ပြုလုပ်သည့် နယ်ခြားစောင့် တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များအား ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခြင်း အခမ်းအနားတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဖြစ်စေရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ၂၀၀၉ ခုနှစ် ဧပြီ ၂၈ ရက်နေ့မှ စ၍ တပ်မတော် ကွပ်ကဲမှုအောက် နယ်ခြားစောင့်တပ် ၂၃ တပ်နှင့် အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့ ၈၄ ဖွဲ့ ဖွဲ့စည်း ခဲ့သည်ဟု ၎င်း၏ ပြောကြားချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။