အာဆီယံ လေကြောင်းပို့ဆောင်ရေး လုပ်ငန်း အစည်းအဝေး ကျင်းပ
This article has been converted from Zawgyi One to Unicode
၂၉ ကြိမ်မြောက် အာဆီယံ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး (29th ASEAN Air Transport Working Group and Related Meetings) ကို မေ ၆ ရက်မှ ၉ ရက် အထိ ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်၌ ကျင်းပလျက် ရှိကြောင်း သိရ သည်။ ယင်း အစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံမှ လေကြောင်း အာဏာပိုင်နှင့် ကိုယ်စားလှယ်များ၊ ဂျပန်၊ ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံတွင် ပျံသန်းပြေးဆွဲလျက် ရှိသည့် ပြည်တွင်း ပြည်ပ လေကြောင်းလိုင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့တွင် အာဆီယံ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင် စဉ်ကာလ အတွင်း အာဆီယံ တခုတည်းသော လေကြောင်း ဈေးကွက် (ASEAN Single Aviation Market) ပေါ်ပေါက်ရေး ဆောင်ရွက်နေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။