• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

“အပစ်အခတ် ရပ်စဲရေး စာချုပ်ထွက်ဖို့က ပထမပါ”

by မေခ
8 May 2014
in Ethnic Issues
A A
RCSS ,ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ,အပစ်အခတ် ရပ်စဲရေး ,NCCT ,UNFC

RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလ (ဓာတ်ပုံ - မေခ / ဧရာဝတီ)

2.7k
VIEWS
Share on FacebookShare on Twitter

အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အများစု ပါဝင် ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)နဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ လေ့လာသူ အဖြစ်သာ တက်ရောက်လေ့ရှိတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့တွေက မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

RCSS အဖွဲ့ဟာ အစိုးရနဲ့ နီးစပ်တဲ့ တိုင်းရင်းသားအဖွဲ့ တခုလို့ သုံးသပ်သူတွေ ရှိသလို အစိုးရနဲ့ သီးခြား ဆွေးနွေးမှုတွေ ပြုလုပ် နေ တဲ့ အဖွဲ့ ဖြစ်တာမို့ NCCT မှာ အဖွဲ့ဝင် အဖြစ် ပါဝင်မှု မရှိတာဖြစ်တယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။

RelatedPosts

မန္တလေးမြို့က အုပ်စုဖွဲ့ ထိုးကြိတ်မှု (ရုပ်/သံ)

မန္တလေးမြို့က အုပ်စုဖွဲ့ ထိုးကြိတ်မှု (ရုပ်/သံ)

13 June 2025
86
သူမ နှင့် စစ်အာဏာရှင်များ

သူမ နှင့် စစ်အာဏာရှင်များ

13 June 2025
37
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
214

ဒီလို ဝေဖန်မှုတွေ ရှိနေတဲ့ RCSS အဖွဲ့ရဲ့ ရပ်တည်မှု၊ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလကို ဧရာဝတီ သတင်းထောက် မေခ က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။   ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြိး အစိုးရနဲ့ တိုင်းရင်းသားတွေ နှစ်ဖက်စလုံး ပေါင်းစည်းနိုင်ပြီး စာချုပ်တခု ထွက်လာ နိုင်မယ် ထင်ပါသလား။

ဖြေ။   ။ ကျနော် လေ့လာမိသလောက် တိုင်းရင်းသားတွေ လိုလားတာကို အစိုးရဘက်က ပြုစုပေးထားတဲ့ မူကြမ်းမှာ တော်တော် လေး လိုက်ရောပေးထားသလို၊ တိုင်းရင်းသားဘက်က ရေးဆွဲထားတဲ့ စာချုပ်ကလည်း အစိုးရ ရေးဆွဲတာနဲ့ သိပ်ကွာခြားမှုမရှိဘူး၊ ဒီနှစ် ခုကို ခေါင်းစဉ် ၇ ခု နဲ့ သတ်မှတ်ပေါင်းဖို့ လုပ်ထားတယ်၊ ပြောရရင်တော့ နှစ်ခုကို တခုတည်းလုပ်ဖို့ နီးစပ်လာတယ် ပြောရမယ်။

မေး။   ။ RCSS အနေနဲ့ ရှေ့လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဘယ်လို ပုံစံနဲ့ ပါဝင်သွားဖို့ ရှိပါသလဲ။

ဖြေ။   ။ အပစ်အခတ်ရပ်စဲရေးစာချုပ် ထွက်ဖို့က ပထမပါ၊ အခုဆို တိုင်းရင်းသားဘက်က ထွက်လာပြီ၊ အစိုးရဘက်ကလည်း ထွက် လာပြီ၊ မူကြမ်းတွေကနေ စာချုပ်အဖြစ်ထွက်လာပြီဆိုရင် ကျနော်တို့ အားလုံး ဆန္ဒသဘောထားနဲ့ ကိုက်ညီရင် ဘာမှ အငြင်းပွားစရာ မရှိဘူး၊ စာချုပ်မှာ ပါဝင်လက်မှတ်ထိုးမှာဖြစ်ပါတယ်။

ဒါပေမယ့် အချက်အလက်တွေက ဒေသ တခုနဲ့တခုမတူညီဘဲ ကွာခြားပြီး၊ ကျနော်တို့နဲ့ မကိုက်ညီတာရှိရင် အစိုးရနဲ့တိုက်ရိုက် ဆွေးနွေးမယ်၊ ကျနော်တို့ ဖြည့်စွက်သင့်တာရှိရင် ဖြည့်စွက်ပြီးရင် အများနဲ့ လက်မှတ်ထိုးမှာပါ။

မေး။   ။ RCSS အနေနဲ့ တိုင်းရင်းသားအဖွဲ့တခု ဖြစ်ပြီး အခုလို တခြား တိုင်းရင်းသားတွေနဲ့ ပေါင်းပြီး အပစ်အခတ် ရပ်စဲရေး စာချုပ် အတွက် ညှိနှိုင်းမှုတွေမှာ ဘာကြောင့် မပါဝင်ရတာလဲ။

ဖြေ။   ။ အရင်ကတည်းက ကျနော်တို့အဖွဲ့က တခြားသော အဖွဲ့တွေမှာ မပါဘူး၊ UNFC တို့ NCCTတို့မှာလည်း မပါဘူး၊ အရင် တုန်း ကတည်းက ကျနော်တို့ဖြစ်ချင်တာနဲ့၊ သူတို့ဖြစ်ချင်တာ ကွာခြားမှုလေးတွေရှိတယ်၊ သူတို့က နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်ရပ်မယ်ပြော တယ်၊ ကျနော်တို့က အပစ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးဖို့ လုပ်ချင်တယ်၊ အစိုးရကိုလည်း ကျနော်တို့ သဘောထား၊ ငြိမ်းချမ်းရေး ကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာ တင်ပြပြီးပြီ၊ အားလုံးက အခုတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့ သဘောထားကြပြီလေ၊ ဒါဆို သူတို့အဖွဲ့ဝင် မဟုတ်ပေမယ့် သူတို့နဲ့အတူ လက်မှတ်ထိုးမှာပါ။

မေး။   ။ တခြား တိုင်းရင်းသားတွေနဲ့ အတူတူ ငြိမ်းချမ်းရေး စာချုပ် ရေးဆွဲရာမှာ ကိုယ့်ဒေသ လိုအပ်ချက်တွေ၊ ဘာတွေဖြစ်ချင် တယ် ဆိုတာမျိုးကို ပါဝင်ပြီး ရေးဆွဲမှာလား။

ဖြေ။   ။ ကျနော်တို့က အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့အောင်လုပ်ဖို့မှာ စောင့်ကြည့်လေ့လာရေးတွေ၊ နှစ်ဖက်လိုက်နာရ မှာတွေ ရှိဖို့လိုတဲ့ အတွက် ဒီနှစ်ခုကိုအခြေခံပြီး သွားချင်တယ်၊ ဒီအချက်တွေပါတဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ်မူတခု လိုလား တယ်။ ဒါက ကျနော်တို့ သဘောထားပါ။

နောက် နိုင်ငံရေးဆွေးနွေးပွဲ တခု သွားရင်တော့ အားလုံးနဲ့ပါဝင်ပြီး ဆွေးနွေးမှာပါ၊ ကွာခြားမှုမရှိပါဘူး၊ နိုင်ငံရေးဆွေးနွေးပွဲ ကျတော့ ရှမ်းပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အမျိုးသမီးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ တိုင်ပင်ပြီး ကျနော်တို့က ဆွေးနွေးပါဝင်မယ်၊ အခု တော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့ပဲ လုပ်နေတာပေါ့၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ချင်ရင် အရင်အပစ်ရပ်ရမှာ ဆိုတော့ ဒီဟာအရင် လုပ်နေတဲ့သဘောပါ။

မေး။   ။ တိုင်းရင်းသား အရေးတွေမှာ ဗိုလ်မှူးတို့အဖွဲ့က သိပ်ပါဝင်တာ မရှိတော့ တိုင်းရင်းသား အရေးဆိုတာကို ဘယ်လိုလက်ခံ ထားလဲ။

ဖြေ။   ။ ကျနော်တို့နဲ့ သဘောထားတူရင် တွဲလုပ်မယ်၊ မတူညီရင် မလုပ်ဘူးဆိုတဲ့ သဘောပါ၊ ကျနော်တို့ လိုအပ်တာက တခြား တိုင်းရင်းသားတွေ လိုအပ်တာနဲ့တူချင်မှ တူမယ်။ ဒီသဘောပါပဲ။

မေး။   ။ ဒါဆို RCSS ရဲ့လိုအပ်ချက်က ဘာများပါလဲ။

ဖြေ။   ။ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်စနစ်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ပါပဲ၊ ကျနော်တို့လည်း တခြား တိုင်းရင်းသားတွေ လိုပါပဲ၊ ဒါက ပြည်သူတွေ လိုလားချက် တခုပါပဲ။

မေး။   ။ ဒါဆိုသဘောက တိုင်းရင်းသားနဲ့ အစိုးရပေါင်းပြီး Single Text တခုထွက်လာတော့မှ ပါဝင်ဆွေးနွေးမယ်ဆိုတဲ့ သဘော လား။

ဖြေ။   ။ Single Text တခန်းပြီးတာနဲ့ ကျနော်တို့ အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသားအဖွဲ့တွေ ကိုဝေမျှမယ်၊ ဆွေးနွေး ချက်တွေကို ဖတ်မယ်၊ အကြံပြုမယ်၊ ကျနော်တို့နဲ့ မကိုက်ညီတာကို ထောက်ပြမယ်။

မေး။   ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ RCSS က အစိုးရနဲ့အနီးစပ်ဆုံး အဖွဲ့တခုလို့ ပြောကြတယ်၊ ဒီတော့ အစိုးရနဲ့ သီးခြားဆွေးနွေး သဘောတူထားတာ ရှိလို့ ဒီဆွေးနွေးပွဲတွေမှာ မပါဝင်သေးတာလား သိပါရစေ။

ဖြေ။   ။ ကျနော်တို့နဲ့ အစိုးရနဲ့ သီးခြား သဘောတူထားတာ မရှိပါဘူး၊ အပစ်အခတ်ရပ်စဲရေးကို ပဏာမ သဘောတူထားတာပဲ ရှိပါ သေးတယ်၊ ဒီကနေတဆင့် တနိုင်ငံလုံးကို သွားမယ်၊ နိုင်ငံရေးဆွေးနွေးဖို့ အများနဲ့ အတူလုပ်မယ်၊ အပစ်အခတ် ရပ်စဲရေးမှာအရင် က သူတို့နဲ့ သဘောထားမတူတော့ ကျနော်တို့ မပါဝင်ခဲ့ဘူး၊ ဒီတော့ အစိုးရကို ကျနော်တို့ သဘောထား တင်ပြတယ်၊ ဒါပါပဲ အစိုးရ နဲ့ တခြား ဆွေးနွေးတာ မရှိပါဘူး။

မေး။   ။ ဗိုလ်မှူးတို့ မေလကုန်လောက်က ရန်ကုန်လာချိန်မှာ အစိုးရနဲ့တွေ့ဆုံ ဆွေးနွေးတာတွေ ရှိတယ်လို့ သိရတယ်၊ ဘယ်လို ပုံစံမျိုးတွေ ဆွေးနွေကြပြီး၊ အစိုးရဘက်က ဘယ်လို သဘောထားရှိလဲ သိပါရစေ။

ဖြေ။   ။ အစိုးရက သူတို့ရေးထားတဲ့မူကို ပြတယ်၊ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး ရေးဆွဲဖို့ လုပ်နေတာတွေ ပြောတယ်၊ မူအပေါ်မှာ လည်း ကျနော်တို့အကြံပြုနိုင်ဖို့ ပြောတယ်။

မေး။   ။ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ မူဝါဒ ၆ ချက်နဲ့ ပတ်သက်ပြီး RCSSရဲ့သဘောထား အမြင် တခုလောက် သိပါရစေ။

ဖြေ။   ။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲတယ်ဆိုတာ တပ်မတော်နဲ့ အဓိကပတ်သက်တဲ့ ကိစ္စတခုပါ၊ အားလုံးနဲ့လည်း သက်ဆိုင်ပါ တယ်၊ မြစ်ကြီးနားမှာတုန်းက တပ်မတော်ရဲ့မူတခုထွက်လာတယ်၊ တိုင်းရင်းသားတွေက ဒီမူကို ဆက်လက်ဆွေးနွေးဖို့ ဆန္ဒရှိတယ်၊ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အချက်တွေက ထပ်မံညှိနှိုင်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။

နှစ်ဖက်စလုံး အတူတူ လက်တွဲလုပ်ဆောင်သွားရင်၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်မယ်ဆို မလိုလားတဲ့ အချက်တွေကို ပယ်ဖျက်သင့်တာတွေ ပယ်ဖို့၊ ညှိနှိုင်းဖို့ လိုအပ်နေပါသေးတယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဥပဒေပြင်ပမှာ ရှိနေ တဲ့အဖွဲ့တွေ ဖြစ်တော့ ဥပဒေနဲ့အညီ သွားဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့ကိစ္စ ဖြစ်နေပါတယ်၊ ဒါကိုငြိမ်းချမ်းရေးလမ်းစဉ်မှာ ပူးပေါင်း အကောင်အထည် ဖော်မယ်ဆိုရင် မလိုလားအပ်တဲ့ ဥပဒေတွေကို ဆွေးနွေးရမယ်၊ လိုအပ်ချက်တွေကို ဆွေးနွေးရပါမယ်။

မေး။   ။ ဒါဆို အစိုးရ၊ အထူးသဖြင့် တပ်မတော် ပြောနေတဲ့ မူတွေကို လက်မခံတဲ့ သဘောလား။

ဖြေ။   ။ လက်မခံတာ မဟုတ်ဘူး၊ သူတို့ပြောတဲ့ ဥပဒေ အတိုင်း လုပ်ရမယ် ဆိုရင် ကျနော်တို့ ဥပဒေဘောင်ထဲမှာ ရှိရမယ်၊ ကျနော် တို့ လက်နက်ကိုင်တယ် ဆိုတာက ဥပဒေဘောင်ထဲက ကိစ္စမှ မဟုတ်တာ၊ တော်လှန်ရေးအတွက် လက်နက် ကိုင်တာ ဥပဒေ အတိုင်း မှ မဟုတ်တာ၊ ဥပဒေ အတိုင်း ညီညွှတ်လာအောင် မလိုလားတဲ့ ပြင်သင့်တဲ့ ဥပဒေတွေပြင်ရမယ်၊ ဥပဒေ အတိုင်းဆို ဥပဒေ နဲ့ ညီညွှတ်အောင် ဆွေးနွေးရမှာပေါ့၊ ကျနော်တို့က ဥပဒေနဲ့ မညီညွှတ်တာလား၊ ကျနော်တို့ကို ဥပဒေက မူဘောင် ခတ်ထား တာ လား၊ ကျနော်တို့ ရှေ့ဆက်အတူတူ သွားနိုင်ဖို့ဆိုရင် ဥပဒေတွေပြင်ရမယ်၊ အခုချက်ချင်းကြီး ဥပဒေဘောင်တွင်း ဝင်ခဲ့ပါဆိုတာက တော့ ကျနော်တို့ လက်နက်ကိုင်တွေက ဥပဒေထဲ အားလုံး မဝင်ကြသေးဘူး၊ ကျနော်တို့ဘက်က လိုက်နာဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာတွေ လိုပါတယ်။

မေး။   ။ ဗိုလ်မှူးတို့ RCSS အနေနဲ့ တိုင်းရင်းသားတွေနဲ့ မပူးပေါင်းဘဲ အစိုးရနဲ့တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ စီစဉ်ထားတာများရှိလား

ဖြေ။   ။ အဲဒီလိုတော့မဟုတ်ပါဘူး၊ အခုတိုင်းရင်းသားတွေနဲ့ အစိုးရညှိနှိုင်းနေတာမှာ အကြံပြုသင့်တာ ညှိနှိုင်းစရာ ရှိရင်ပြောမှာပါ၊  ဘာဖြစ်လို့လဲ ဆိုတော့ အခန်းတခုပြီးတိုင်း ကျနော်တို့ဖတ်ရှု အကြံပြုမှာပါ၊ ဒါကလည်း ပူးပေါင်းတာပါပဲ။ နောက်ဆုံး ထွက်လာရင် လည်း ညှိနှိုင်းဆွေးနွေးဦးမှာပါ၊ လက်မှတ်လည်း အများနဲ့ အတူ ဆွေးနွေး၊ ညှိနှိုင်းမှာပါ။

မေး။   ။ “တော်လှန်ရေး” ဆိုတဲ့စကားရပ်ကို အခုအချိန်ထိ နှစ်ဖက်ညှိလို့ မရသေးဘူး၊ အဲဒီ ဝေါ်ဟာရ အပေါ်မှာ ဘယ်လို ရပ်တည် မလဲ။

ဖြေ။   ။ စာလုံးတခုရဲ့အနှစ်သာရ ဘာဆိုတာကို လက်ခံပေမယ့်လည်း တကယ်ဖြစ်တဲ့ပုံက အမှန်တရားအတွက် လက်နက်ကိုင် တယ်၊ ကျနော်တို့ တော်လှန်ရေးလုပ်တယ်လို့ တိုင်းရင်းသားတွေပြောတယ်၊ လူကိုကာကွယ်ဖို့အတွက် လက်နက်ကိုင် တော်လှန် တယ်၊ ဒါကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ်။

အဲဒီမှာ လက်ရှိ ဖွဲ့စည်းပုံပြင်ဖို့ ဆွေးနွေးကြရမယ်၊ ပြင်တာတွေကို ပြင်နိုင်ဖို့၊ ပြင်ပြီးတာတွေကိုလည်း ဥပဒေ ပြဌာန်းနိုင်ဖို့ လုပ်ရမယ်၊  နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့က ဆွေးနွေးချက်တွေကို ဥပဒေပြဌာန်းရမယ်၊ ဥပဒေပြုရေး လွှတ်တော်နဲ့ ဆွေးနွေးရမယ်၊ ဒါမှ ကျနော်တို့ ဥပဒေဘောင်ထဲကို ဝင်ရောက်လာမှာ၊ စာချုပ်ချုပ်ပြီးရင် ဥပဒေဘောင်တွင်းမှာ ဖြစ်သွားမှာ၊ အခုတော့ ဥပဒေပြင်ပမှာပါပဲ။ ဒီ အချိန်မှာတော့ ဥပဒေအတိုင်းဆိုတာ ကျနော်တို့နဲ့ မအပ်စပ်သေးပါဘူး။

မေး။   ။ တချိန်က ရှမ်းပြည်က အနေနဲ့ ခွဲထွက်ဖို့ တောင်းဆိုခဲ့တယ်၊ အခုလည်း တိုင်းရင်းသား တချို့က ခွဲထွက်မယ် ဆိုတဲ့ အသံတွေ ပြန်ကြားနေရတယ် ဆိုတော့ ခွဲထွက်ဖို့ကို စဉ်းစားထားတာ ရှိလား။

ဖြေ။   ။ ခွဲထွက်ဖို့ အရင်က တောင်းဆိုဖူးတာ မှန်ပါတယ်၊ အခုချိန်မှာ ပြည်ထောင်စုကနေခွဲပြီး နေဖို့မရှိပါဘူး၊ ကျနော်တို့ ပြည်သူ တွေက ခွဲထွက်ဖို့မတောင်းဘူး၊ ဖက်ဒရယ်စနစ်ကိုပဲ လိုချင်တယ်၊ ခွဲထွက်ဖို့စိတ်ကူး မရှိပါဘူး။

မေး။   ။ ကာကွယ်ရေး ဦးစီးချုပ်က ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဒီမိုကရေစီကို ကျင့်ကြံဖို့ပြောတယ်၊ ဗိုလ်မှူးတို့က ၂၀၀၈ ကိုပြင်ဖို့ ဆွေးနွေးမယ် ပြောတယ်၊ ဒီတော့ နှစ်ဖက်ကွဲလွဲပြီး ထိပ်တိုက်တွေ့မနေ ဘူးလား။

ဖြေ။   ။ အစိုးရဘက်က ဒီ၂၀၀၈ ကိုပြင်ဆင် ဖြည့်စွက်စရာတွေ ရှိရင် ပြင်မယ်ဆိုတဲ့ ပြောတာတွေရှိတယ်၊ တပ်မတော် ကလည်း ၂၀၀၈ ကို လုံးဝမပြင်ရဘူးလို့ မပြောထားဘူး၊ ဖွဲ့စည်းပုံမှာလည်း ဒါကိုလုံးဝမပြင်ရဘူးလို့ ရေးထားတာမရှိဘူး ဆိုတော့၊ အားလုံးနဲ့ ကိုက်ညီအောင် ၂၀၀၈ ဖွဲ့စည်းပုံထဲက အတိုင်း ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာကို ညှိနှိုင်းပြင်ဆင် သွားမှာပါ။     ။

Your Thoughts …
Tags: Interviews
မေခ

မေခ

ဧရာဝတီ

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

ဦးဝင်းတင်, ဧရာဝတီ, အင်တာဗျူး, ဒေါ်အောင်ဆန်းစုကြည်, NLD

ထောင်ကထွက်လာတဲ့ ကျားရဲ

by ဧရာဝတီ
12 March 2016
8.7k

၂၀၀၈ စက်တင်ဘာလ ၂၃ တွင် လွတ်မြောက်လာသည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဦးဝင်းတင်၏ ၈၆ နှစ်ပြည့် မွေးနေ့အဖြစ် ကျရောက်သော ယနေ့တွင် အမှတ်တရ ပြန်လည်ဖော်ပြအပ်ပါသည်

Next Post
မန္တလေး,ကျောက်စာ,မဟာလောက မာရဇိန်,UNESCO,ကမ္ဘာ့ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ်

စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်

သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး, ဦးခင်ရီ

သန်းခေါင်စာရင်း အတွက် ၂ လတိုးပြီး ဆက်လက် ကောက်ယူမည်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate