မြန်မာနိုင်ငံ အတွင်း လူနည်းစု ရိုဟင်ဂျာများ အပေါ် ဖိနှိပ်ကန့်သတ်မှု အဆုံသတ်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် တရပ်ကို အမေရိကန် အောက်လွှတ်တော်က မေ ၇ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။ လူနည်းစု လူမျိုးများ အပေါ် ဖိနှိပ်ထားပြီး လူ့အခွင့်အရေး အခြေအနေ မတိုးတက်သရွေ့ ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှု ရှိသည်ဟု မဆိုနိုင်ကြောင်း အောက်လွှတ်တော် အစည်းအဝေးတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက် ပါတီ နှစ်ရပ်စလုံးမှ လွှတ်တော် အမတ်များက ဆွေးနွေးတင်ပြခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မွတ်စလင် လူမျိုး တသိန်း လေးသောင်း ခန့်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရကြောင်းနှင့် နှစ်ဆန်းက စစ်တွေ၌ နိုင်ငံတကာ ကူညီရေး အဖွဲ့ရုံးများကို တိုက်ခိုက် အကြမ်းဖက်သည့် ကိစ္စကိုလည်း ဝေဖန် ပြစ်တင်ထားကြောင်း VOA သတင်းတရပ်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။