သတင်းတို

ဖိလစ်ပိုင်-မြန်မာ တိုက်ရိုက်လေကြောင်း ပြေးဆွဲမည်

This article has been converted from Zawgyi One to Unicode

နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး အတွက် ဖိလစ်ပိုင်နှင့် မြန်မာ တာဝန်ရှိသူများသည် မေ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ABS-CBNnews.com သတင်းတရပ်တွင် ဖော်ပြထားသည်။ ဖိလစ်ပိုင် လေကြောင်း ကော်ပိုရေးရှင်း (PAL) နှင့် Cebu Pacific တို့သည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ပျံသန်း ပြေးဆွဲရန် စိတ်ဝင်စားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြိး Alex Chua ကလည်း PBS-RTVM နှင့် နေပြည်တော်တွင် တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြား ပထမဆုံး တိုက်ရိုက်လေကြောင်း ပျံသန်းမှု အတွက် ဆွေးနွေးခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ ယမန်နှစ် က ဖိလစ်ပိုင် သမ္မတနှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့စဉ်ကလည်း နှစ်နိုင်ငံ ခရီးသွားများ အတွက် ဗီဇာကင်းလွတ်၍ ၁၄ ရက်ကြာ နေထိုင် လည်ပတ်နိုင်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဆန္ဒရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

Loading