သတင်းတို

အာဆီယံ ထိပ်သီး အစည်းအဝေးကာလ Bangkok Airways ပျံသန်းမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပသည့်ကာလ အတွင်း ဘန်ကောက်လေကြောင်းလိုင်း (Bangkok Airways) က ဘန်ကောက်-နေပြည်တော် ခရီးစဉ်များ တိုးချဲ့ပျံသန်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြထားသည်။ ဘန်ကောက်လေကြောင်း အနေဖြင့် ယခုလ အာဆီယံ ထိပ်သီး အစည်အဝေးများ အတွင်း လန်ကောက်-နေပြည်တော် ခရီးစဉ် အတွက် ATR-72 လေယာဉ်များ အသုံးပြုှု တိုးချဲ့ပံျသန်းပေးရန် ရည်မှန်းထားကြောင်း၊ တပတ်အတွင်း လေကြောင်း ပျံသန်းမှု ၅ ကြိမ်မှ ၇ ကြိမ်အထိ ရှိလာနိုင်ကြောင်း၊ မေ ၅ ရက်နေ့တွင် တိုးချဲ့ပျံသန်းမှု စတင်မည် ဖြစ်ပြီး မေ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း၊ ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပသည့် မေ ၁၁ နှင့် ၁၂ ရက်များတွင် အစိုးရ ကိုယ်စားလှယ်များ အတွက် ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။ ဘန်ကောက်လေကြောင်းလိုင်းသည် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်နှင့် မြန်မာနိုင်ငံ နေပြည်တော်သို့ လာမည့် စက်တင်ဘာ လကုန်ပိုင်းတွင် စတင် ပြေးဆွဲမည် ဖြစ်ပြီး ခရီးသည် ၇၀ ခန့် လိုက်ပါ စီးနင်းနိုင်သည့် ATR 72 အမျိုးအစား လေယာဉ်ဖြင့် တပတ်လျှင် ၃ ရက် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ နေ့များတွင် ပြေးဆွဲသွားမည် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading