မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အကြား ဗီဇာကင်းလွတ် ခရီးသွားလာခွင့် သဘောတူညီချက်ကို နှစ်ဖက် လက်မှတ်ရေးထိုး လိုက်ကြောင်း သိရသည်။ ယင်း သဘောတူညီချက်ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa တို့ ပြီးခဲ့သည့် စနေနေ့က လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း Bernama သတင်းတရပ်၌ ဖော်ပြထားသည်။ အဆိုပါ သဘောတူညီချက်သည် ၂၀၁၅ ခုနှစ် အတွင်း အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေး ရည်ရွယ် ချမှတ်ထားသည့် အစီ အစဉ်၏ တစိတ်တပိုင်းဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများ ဆက်ဆံရေး တိုးမြင့်လာရန်၊ အာဆီယံ ဒေသတွင်း နိုင်ငံများ ၏ ခရီးသွားလာမှု ဖွံ့ဖြိုးရေး အကျိုးရလဒ်ကောင်းများ ရှိစေရန် ဖြစ်ကြောင်း Marty Natalegawa က ပြောကြားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။