သတင်းတို
အကြမ်းဖက်မှုကို လုံး၀ အားမပေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
This article has been converted from Zawgyi One to Unicode
NLD စတင်ဖွဲ့စည်းကတည်းက အကြမ်းဖက်မှုကို လုံး၀ အားမပေးကြောင်း၊ ပြည်သူ့အင်အားကို ပြည်သူလူထု တိုးတက်ဖို့ အတွက် သာ သုံးစွဲသွားခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ မသင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် နေထိုင်ရခြင်းသည် ပူပြင်းသည့် ရာသီဥတု အောက်တွင် နေထိုင်ရခြင်းထက် ပိုမိုပြင်းထန်စွာ ခံစားရကြောင်း၊ အဆက်ဆက် ပင်ပန်းနိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု၏ အားကို ရယူသွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် ပါတီများ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြင်ဆင်ရမည့် ပုဒ်မများနှင့် အကြောင်းပြချက်များ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မေ ၁၀ ရက်နေ့တွင် ဧရာဝတီတိုင်း မအူပင်မြို့နယ် မအူပင် တက္ကသိုလ်အနီး လယ်ကွင်းအတွင်း ကျင်းပသည့် လူထုတွေ့ဆုံပွဲ၌ ပြောကြားသည်။