သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်ရေး အပါအဝင် အချက် ၁၀ ချက်ကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်ကြောင်း သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က သြဝါဒစရိယ ဆရာတော်များအား ပြီးခဲ့သည့် စနေနေ့က လျှောက်ထားလိုက်သည်။ ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏ လိုဏ်ဂူ အတွင်း မေ ၁၂ နှင့် မေ ၁၃ ရက်တွင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ပြုလုပ်မည် ဖြစ်ကြောင်း၊ ဆွေးနွေးဆုံးဖြတ်မည့် အချက်များမှာ ဘာသာရေး စာမူများ ထုတ်ဝေရာတွင် ထုတ် တင် စနစ်မှ တင်ထုတ်စနစ်သို့ ပြောင်းလဲရေး၊ နိကာယ်သာသနာတော် ထွန်းကား တိုးတက်ရေး၊ ပရိယတ္တိ စာမေးပွဲများ စနစ်တကျကျင်းပရေး၊ သံဃနာယကအဖွဲ့ ရုံးများနှင့် ဥပတ္ထမ္ဘက အဖွဲ့ရုံးများ ပေါ်ပေါက်ရေး၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ပြင်ဆင်ရေး၊ ပြည်ပရေးရာ အဖွဲ့ငယ်ဖွဲ့စည်းရေး၊ နယ်စပ် တောင်တန်း သာသနာပြု လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး၊ ဘာသာ ရေး သာသနာရေး အသင်းအဖွဲ့များ ဆိုင်ရာ အရေးကိစ္စ၊ သံဃာ့ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လက်စွဲကျမ်းများ၊ ညွှန်ကြား လွှာများ ပြင်ဆင်နိုင်ရေး၊ ဝိနိစ္ဆယ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး အတွက် အာဏာစက် အကူအညီပေးရေး ကိစ္စရပ်များ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။