အိန္ဒိယ-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး မြှင့်တင်ရေး အတွက် အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များ နှင့် မြန်မာနိုင်ငံအကြား ဘတ်စ်ကားများ စတင်ပြေးဆွဲမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ၂ဝဝ၉ ခုနှစ်က အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီး နောက် ယခုနှစ်အတွင်း အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ မိုရေးမြို့နှင့်ထိုင်းနိုင်ငံ မဲဆောက်မြို့အကြား ဆက်သွယ်ရန် မျှော်မှန်းထားကြောင်း၊ ထို့အပြင် ပင်လယ်ရေကြောင်းဖြင့် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားဆိပ်ကမ်းနှင့် မြန်မာနိုင်ငံရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းအကြား ဆက်သွယ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။