ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာနိုင်ငံနှင့် လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များ နှစ်စဉ်ဆွေးနွေးရန် ပြီးခဲ့သည့် တနင်္လာနေ့ သဘောတူညီလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံ နှင့် ဆွေးနွေးမည့် အစီ အစဉ်ထဲတွင် အပြန်အလှန် ဆက်စပ် အကျိုးပြုလျက်ရှိသည့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခြေခံနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ များ၊ နိုင်ငံတကာ လူ့အခွင့်အရေး သဘောတူ စာချုပ်ပါ အချက်များကို မြန်မာ့ လူမှုဝန်းကျင်နှင့် ညှိယူဆောင်ရွက်နိုင်ရေး၊ နိုင်ငံရေး အကျဉ်းသားများ အရေး၊ လူနည်းစု ရိုဟင်ဂျာများ အရေး၊ ခွဲခြားဆက်ဆံမှု ဆိုင်ရာများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် အတွင်း ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များ အကြား ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် မွတ်စလင် ၂၀၀ ကျော် သေဆုံးပြိး၊ လူဦးရေ ၁၄၀၀၀၀ ကျော် အိုးအိမ်များမှ ထွက်ပြေးနေရသည်။ မြန်မာ အစိုးရ အနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု အက်ဥပဒေအရ ရိုဟင်ဂျာများကို တိုင်းရင်းသား အဖြစ် လက်မခံဘဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာ သည့် ဘင်္ဂါလီများဟု သတ်မှတ်ထားသည် ဟု ဘန်ကောက်ပို့စ်တွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။