လိုင်စင်မဲ့ ဆိုင်ကယ်များကို ၂၀၁၄ ဖေဖော်ဝါရီ ၁၇ မှ စ၍ မှတ်ပုံတင်ပေးခြင်းများ ဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၄ ရက် ကျော်လွန်ပါက လိုင်စင်မဲ့ ဆိုင်ကယ်များကို စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့အာမခံ လုပ်ငန်း၊ မြန်မာ့ စီးပွားရေးဘဏ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းကာ One Stop Service ဖြင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ မှ စတင်၍ မှတ်ပုံတင်ပေးခြင်း လုပ်ငန်းများ ဆောင် ရွက်ပေးလျက် ရှိရာ ဧပြီ ၃၀ ရက်နေ့အထိ တနိုင်ငံလုံး အတိုင်အတာဖြင့် ဆိုင်ကယ်ပေါင်း ၁၇၂၉၄၇ စီးကို မှတ်ပုံတင်ပေး နိုင်ခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။