ရွှေတောင်မြို့နယ် ရွှေဟင်္သာအုပ်စု ညောင်ကုန်းရွာဟောင်း ကျေးရွာ မုန်တိုင်းဒဏ်ခံရသူများသည် အကူအညီများ လိုအပ်နေဆဲဖြစ် ကြောင်း သိရသည်။ မေ ၇ ရက်နေ့ နေ့လယ် ၃း၃၀ နာရီ အချိန်ခန့်တွင် တိုက်ခတ်သည့် လေဆင်နှာမောင်းကြောင့် ကျေးရွာတွင်းရှိ နေအိမ် ၃၃ လုံးပျက်စီးကာ လူဦးရေ ၁၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ၎င်းတို့သည် ယာယီတဲများဖြင့် နေရကြောင်း ညောင်ကုန်းရွာဟောင်း အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်က ဧရာဝတီသို့ ပြောသည်။ လေဆင်နှာမောင်း တိုက်ခိုက်ချိန်မှာ ၂ မိနစ်ကျော်ခန့်သာကြာမြင့်ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၁၀၀ ခန့်ရှိကြောင်း၊ ကိုင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုရသူ တောင် သူ များဖြစ်သည့်အတွက် သီးနှံပေါ်ချိန်မှသာ အိမ်ပြန်လည် ဆောက်လုပ်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ညောင်းကုန်းရွာဟောင်းသို့ ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာ မှ ညောင်ဇရေးရွာသို့ ကားလမ်းဖြင့် သွားရောက်နိုင်ပြီး ယင်းမှတဆင့် ညောင် ကုန်း ရွာဟောင်းသို့ ကားဖြင့် သွားရောက်နိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။