ရှမ်းပြည် မြောက်ပိုင်းရှိ တိုင်းရင်းသားလူငယ် တွေ့ဆုံပွဲကို မေ ၁၄ မှ ၁၆ ရက်အထိ လားရှိုးမြို့နယ်ရှိ ဂေါက်ကလပ် ဟိုတယ်တွင် ကျင်းပလျက် ရှိကြောင်း သိရသည်။။ အဆိုပါ ဆွေးနွေးပွဲတွင် လက်ရှိ ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါး ပြဿနာ၊ အစိုးရ စီမံ ကိန်း လယ်ယာမြေကိစ္စနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးကြကြောင်း၊ ဖြစ်ပေါ်လာသည့် နိုင်ငံရေး ပြဿနာများကို ပူးပေါင်းဖြေရှင်းကာ ခိုင်မာသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားလူငယ်တွေ့ဆုံပွဲ ဖြစ်မြောက်ရေး ကော်မတီမှ ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းဆိုင်မှိုင်းက ဧရာဝတီသို့ပြောသည်။ ထိုပွဲတွင် ကချင်လူငယ်များ၊ ရှမ်းလူငယ်များနှင့် ပလောင် (တအာင်း) တိုင်းရင်းသား လူငယ်များ စုစုပေါင်း ၈၅ ဦး တက်ရောက်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။