KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၂ ဒေသ ဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်း နမ့်မောပါဒေသတွင် အစိုးရစစ်တပ်က ထိုးစစ် ဆင်မှု များ ပြုလုပ်လာသဖြင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း KIA တပ်မဟာ ၄ မှ သိရသည်။ KIA ဦးဆောင် သည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (FUA) နှင့် အစိုးရတပ်ဖွဲ့များ ယမန်နေ့က တိုက်ပွဲများ ဖြစ်ပွား ခြင်း ဖြစ်ကြောင်း၊ FUA မြောက်ပိုင်း ဒေသတွင် KIA (ကချင်)၊ TNLA (ပလောင်)၊ MNDAA (ကိုးကန့်တိုင်းရင်းသား)၊ SSA/SSPP (ရှမ်း) တို့ ပါဝင်ကြောင်း သိရသည်။ KIO နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မေ ၁၃ ရက်တွင် တိုက်ပွဲများ လျှော့ချရေး ဆွေးနွေးသဘောတူပြီး နောက် တိုက်ပွဲများ ပြင်းထန်လာခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။