မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင်နေထိုင် အလုပ်လုပ်ခွင့် ရရှိရေး အတွက် မြန်မာနိုင်ငံ Diamond Palace ကုမ္ပဏီလီမိတက်နှင့် မလေးရှားနိုင်ငံ Bukti Megah Sdn Bhd ကုမ္ပဏီတို့ ယမန်နေ့က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြ ကြောင်း သိရသည်။ ယင်း နားလည်မှု စာချွန်လွှာအရ နိုင်ငံသား စိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး၊ နိုင်ငံသား စစ်မှန်သူကို နိုင်ငံကူး လက်မှတ်ထုတ်ပေးနိုင်ရေး၊ တရားဝင် အလုပ် လုပ်ကိုင်ခွင့်နှင့် တရားဝင် ဗီဇာထုတ်ပေးနိုင်ရေး စသည့် အချက်များ ပါဝင်ကြောင်းသိရသည်။ အဆိုပါ လက်မှတ် ရေးထိုး အခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဦးအေးမြင့်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်ဦးလွင်၊ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Dr. Ahmad Zahid Hamid နှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးတို့ တက်ရောက်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။