• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန္ဒပြ သဲကုန်း လယ်သမားများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ

by စနေလင်း
15 May 2014
in သတင်း
A A
ဆန္ဒပြ လယ်သမားများ,သပိတ် စခန်း,သဲကုန်း,ပဲခူးတိုင်း, လယ်ယာမြေ သိမ်းဆည်းမှု

သပိတ်စခန်း ဖျက်သိမ်းနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် လယ်သမားများ (ဓာတ်ပုံ – ကောင်းမြတ်မင်း / ဧရာဝတီ)

2.2k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း အနောက်ပိုင်း သဲကုန်းမြို့နယ်ရှိ အောင်ကုန်းရွာ သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲခံရမှု ၃ လပြည့် အထိမ်းအမှတ်အဖြစ် ယမန်နေ့က ဆန္ဒပြသည့် လယ်သမားများကို မြို့နယ်ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲမှု ဆက်လက်ကျင့်သုံး၍ ဆန္ဒပြအဖွဲ့ဝင် ၂ ဦးကို လည်း ရိုက်နှက် ဖမ်းဆီးသွားကြောင်း သတင်း ရရှိသည်။

သိမ်းဆည်းခံ လယ်မြေများ ပြန်ရရှိရေးတောင်းဆိုရင်း အဖမ်းခံခဲ့ရသည့် လယ်သမား ခေါင်းဆောင် ဦးပေါက်စကို ပြန်လည်လွှတ် ပေးရေး ဆန္ဒပြခဲ့ကြသည့် လယ်သမားများ မိုးကောင်းဘုရား၌ ဝတ်ပြုဆုတောင်းပြီး အပြန်တွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
189
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
68
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
1.2k

လူ ၃၀ ခန့်ရှိ ဆန္ဒပြအဖွဲ့ထဲမှ ဒေါ်ညိုနှင့် ကိုမောင်ဝင်း တို့ကိုရိုက်နှက် ဖမ်းဆီးသွားပြီး လယ်သမားများဘက်မှ လိုက်ပါကူညီပေးနေ သည့် ကိုကောင်းထက်ကျော် ကိုလည်း ရဲတပ်ဖွဲ့ဝင်များက တုတ်များဖြင့်ရိုက်နှက် ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ဒဏ်ရာများနှင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“တပ်ထိပ်ရွာရောက်တော့ ကျနော့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဆွေးနွေးစရာရှိလို့ဆိုပြီး ခေါ်တယ်။ ကျနော်က သူတို့ကို မယုံလို့ မလိုက်နိုင်ဘူး၊ ဆွေးနွေးစရာရှိရင် မနက်ဖြန် ရွာထဲကိုလာခဲ့လို့ ပြောလိုက်တာနဲ့ အတင်းကို ဝင်ဖမ်းတော့တာပဲ။ တခြားသူတွေ ထက် ကျနော့်ကို ဦးတည်ဖမ်းတာ သိသာတယ်”ဟု ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည့် ကိုကောင်းထက်ကျော် က ဧရာဝတီ သို့ ပြောသည်။

ကိုကောင်းထက်ကျော်ကို ဖမ်းဆီးရန် ကြိုးစားရာမှာ ရဲတပ်ဖွဲ့က တုတ်များဖြင့် အတင်းဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ဦးခေါင်းကွဲရှ ဒဏ်ရာများကြောင့် သွေးထွက်ပြီး မူးဝေနေသည့် ကိုကောင်းထက်ကျော် ကို သီတဂူမြောက်ကျောင်း ဆရာတော်က အကာအကွယ် ပေးထားသဖြင့် ရဲတပ်ဖွ့ဲဝင်များက ဘုန်းကြီးကျောင်းကို ဝိုင်းရံ ပိတ်ဆို့ထားကြောင်း လယ်သမားများကို အကူအညီ ပေးနေသူ ကိုသိန်းအောင်စိုး ကလည်း ဧရာဝတီသို့ ပြောသည်။

“လယ်သမား ၂၀ လောက်က ဘုရားဝတ်ပြုပြီး အပြန် တပ်ထိပ်ရွာအရောက်မှာ ဘာမှမပြောဘဲနဲ့ ကိုကောင်းထက်ကျော်ကို လက် ထိပ်ခတ်ပြီး ဖမ်းတယ်။ ရွာသားတွေကလည်း အတင်းပြန်လုကြပြီး ဘုန်းကြီးကျောင်းထဲကို ခေါ်သွားကာ ကျောင်းတံခါးကို ပိတ် လိုက် တယ်။ ကျောင်းကို ရဲတွေက ဝိုင်းထားလို့ တခြားဒေသခံလယ်သမားတွေက သိကြပြီး အခု ရဲတွေနဲ့ ဟိုဘက်ဒီဘက်လို ဖြစ် နေတယ်”ဟု ကိုသိန်းအောင်စိုး က ပြောပြသည်။

ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ဒဏ်ရာများကြောင်း မူးဝေနေကြောင်း၊ ရဲများက ၎င်းအား ထုတ်ပေးရန် အတွက် ကျောင်းထိုင် ဘုန်းကြီး ထံ လျှောက်တင်နေသည်ကို အနီးကပ် ကြားသိနေရကြောင်း လတ်တလောတွင် ဝင်ရောက် ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း မည်သို့ဖြစ်မည် မသိသေးကြောင်း ကိုကောင်းထက်ကျော် ကလည်း ပြောသည်။

လယ်သမားများက ၎င်းတို့၏ လယ်ယာမြေများကို ၁၉၉၉ ခုနှစ် ဧပြီလ ၇ ရက်က ပြည်ခရိုင် ဦးစီးမှူး ဦးခင်မောင်ဝင်းက အောင် ကုန်း၊ သင်တော၊ ကန်စွန်း အင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီး ကျေးရွာတဝိုက်ရှိ လယ်မြေ ဧက ၁၁၅၉.၅၅ ဧကကို ရေ နက်ကွင်း ဖော်ထုတ်ရန် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂၀၀၁ ခုနှစ်တွင် လယ်ယာလက်ကား သမဝါယမ အသင်း အမှတ်(၃) လီမီတက် ပိုင်ရှင် ဦးထိုင်ထိုင်က လွှဲပြောင်း ရယူခဲ့ကြောင်း လယ်ယာမြေနှင့် အခြား မြေယာများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပေးပို့ထားသည့် တိုင်ကြားစာတွင်လည်း ရေး သား ဖော်ပြ ထားသည်ကို တွေ့ရသည်။

သိမ်းဆည်းခံထားရသည့်အတွက် ဖြေရှင်းပေးရန်၊ အင်းမ ရေထိန်းတမံကြောင့် ဖြစ်ပေါ်နေသော လယ်ယာမြေ ပြသနာများကို ဖြေရှင်း ပေးရန်၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရရှိရန်အတွက် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် လယ်သမား ၃၀ က သဲကုန်းမြို့နယ် ခန်းမရှေ့တွင် သပိတ်စခန်း စတင်ဖွင့်လှစ်ပြီး ဆန္ဒပြခဲ့ကြသည်။

သို့သော် အာဏာပိုင်များက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အဆိုပါ သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းခံရပြီး ဆန္ဒထုတ်ဖော်ခွင့် ဆိုင်ရာပုဒ်မ ၁၈ ဖြင့် လယ်သမား ၄ ဦးကို တရားစွဲဆိုခဲ့သည်။ တရားစွဲဆို ခံရသူများထဲမှ လယ်သမား ဦးပေါက်စကို ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုခဲ့သည်။

မြို့နယ်ခန်းမရှေ့ သပိတ်စခန်း အဖြိုခွဲခံလိုက်ရပြီးနောက် ငါးမွေးကန်များရှေ့တွင် သပိတ်စခန်း ထပ်မံဖွင့်လှစ်ခဲ့ပြီး ဆန္ဒပြခဲ့ရာတွင် လည်း အာဏာပိုင်များ၏ ထပ်မံ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ယခုအကြိမ်အပါအဝင် အကြမ်းဖက်ဖြိုခွဲခံရမှု ၃ ကြိမ်ရှိပြီဖြစ်ကြောင်း သိရ သည်။

Your Thoughts …
Tags: Rule of Law
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရန် အချိန်တန်ပြီ

အာဆီယံ, တောင်တရုတ်ပင်လယ်, ထိပ်သီးအစည်းအဝေး, နေပြည်တော်

အာဆီယံဥက္ကဋ္ဌ မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး

Please login to join discussion
No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate