သတင်းတို

အယ်လ်နီညို ဖြစ်လာနိုင်ခြေရှိ၊ ကြိုတင်ပြင်ဆင်ထားရန် ဦးထွန်းလွင် သတိပေး

This article has been converted from Zawgyi One to Unicode

၂၀၁၄ ခုနှစ်၊ ဇွန်လဆန်းမှ စ၍ အယ်လ်နီညိုဖြစ်လာနိုင်ခြေ ၅၈ ရာခိုင်နှုန်း ရှိလာမည် ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က ယနေ့ သတိပေးသည်။ အယ်လ်နီညို၏ သဘာဝမှာ ပစိဖိတ် သမုဒ္ဒရာ အနောက် ဘက် မှ မိုးနှင့် မုန်တိုင်းများပြားသည့် ဒေသ အနေအထားသည် အရှေ့ဘက်သို့ ရွေ့လျားသွား နေကြောင်း၊ ပစိဖိတ်အနောက်ပိုင်း ဒေသများ ဖြစ်သည့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ သြစတြေးလျ၊ နယူးဇီလန်၊ ဖီဂျီ စသည့် နိုင်ငံများသည် ပူပြင်းခြောက်သွေ့ရာသီကို ကြုံတွေ့ကြရပြီး ပစိဖိတ် အရှေ့ဘက်ပိုင်းနိုင်ငံများမှာ စိုစွတ်ပြီး မိုးများ မုန်တိုင်းထန်သည့် ရာသီဥတုကို ကြုံတွေ့နိုင်ကြောင်း၊ အရှေ့တောင် အာရှ၏ Home of Monsoon ဟု ခေါ်နိုင်သည့် အင်ဒိုနီးရှား နိုင်ငံတွင် မုတ်သုံလေလျော့နည်းကာ မိုးရွာသွန်းမှု နည်းပါးလာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မုတ်သုံလေနှင့် မုတ်သုံမိုး ရောက်ရှိလာမည့် အနေအထားမှာလည်း ရေရာမှု မရှိသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ဒေါက်တာ ထွန်းလွင်က ဖေ့စ်ဘုတ်လူမှုကွန်ရက်မှ သတိပေးထားသည်။

Loading