သတင်းတို

တိုင်းပြည် ဆူဆူပူပူ ဖြစ်လျှင် ကိုယ့်တိုင်းပြည်သာ နစ်နာမည် ဖြစ်ကြောင်း ဦးသိန်းစိန် ပြော

This article has been converted from Zawgyi One to Unicode

တိုင်းပြည် ဆူဆူပူပူဖြစ်လျှင် ကိုယ့်တိုင်းပြည်သာ နစ်နာမည် ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး နိုင်ငံချစ်သည့် ရဟန်းရှင်လူ ပြည်သူများ ဝိုင်းဝန်းကာကွယ်ရမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကိစ္စများသည် မိမိတို့၏ ပြည်တွင်းရေး ဖြစ်ကြောင်း၊ မိမိတို့၏ အချုပ်အခြာ အာဏာကို အထိအပါးမခံဘဲ ဥပဒေဘောင်အတွင်းက ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စများကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မှာကို မည်သူ မျှ မလိုလားကြ ကြောင်း၊ ယနေ့ ဆူဆူပူပူ ဖြစ်နေသည့် နိုင်ငံများ၏ သင်ခန်းစာကို ယူကြရမည်ဖြစ်ပါကြောင်း ယမန်နေ့ ညနေက မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြောကြားသည်။ ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုကို ဧပြီ ၁ မှ စ၍ နိုင်ငံတဝန်း ၂၉ မြို့နယ်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရပ်ကွက် ကျေးရွာ ၁၁၆၃ ခု၌ စာသင်ဝိုင်း ၄၄၄၇ ဝိုင်းဖြင့် စုစုပေါင်း ၄၆၄၇၉ ဦးကို သင်ကြား ပေးနိုင်ခဲ့ကြောင်း သိရသည်။

Loading