သတင်း

စစ်တပ် စီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်မှု သက်တမ်းထပ်တိုး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမေရိကန် အစိုးရက မြန်မာနိုင်ငံရှိ စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ အမေရိကန် ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ကို ပိတ်ပင်တဲ့ ဒဏ်ခတ်မှု သက်တမ်း ၁ နှစ် ထပ်တိုးလိုက်ပါတယ်။

အခုလို စီးပွားရေး ဒဏ်ခတ်မှု သက်တမ်း တိုးလိုက်တာက အမေရိကန်ကွန်ဂရက် လွှွတ်တော်က ဥပဒေ အဖြစ် အ တည်ပြု သက်တမ်းတိုးခြင်း မဟုတ်ဘဲ သမ္မတ လုပ်ပိုင်ခွင့်နဲ့ သက်တမ်း တိုးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒ အပေါ်များစွာ ခြိမ်းခြောက်မှု ရှိနေဆဲ ဖြစ်လို့ အရေးယူမှုကို ဆက်လက်ထားရှိမှာ ဖြစ်ကြောင်း ယခု ထုတ်ပြန်လိုက်တဲ့ သမ္မတ အိုဘားမားရဲ့ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု သက်တမ်း တိုးလိုက်တဲ့ အမေရိကန် ရဲ့ ကန့်သတ်မှုဟာ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက် နောက်ပိုင်း ဒီမိုကရက်တစ် အတိုက်အခံတွေ အပေါ် ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ရှိသလို မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး အခြေအနေ မှတ်တမ်းတွေကြောင့် ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်က အမေရိကန် သမ္မတက လက်မှတ် ရေးထိုးခဲ့တဲ့ အရေးယူမှု နောက်ဆက်တွဲပဲ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ အမေရိကန်က အရေးယူထားတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ရဆိုတဲ့ ကန့်သတ်မှုကို ၂၀၀၃ ခုနှစ် ဇူလိုင်လက တကြိမ်၊ ၂၀၀၇ ခုနှစ် အောက်တိုဘာလက တကြိမ်၊ ၂၀၀၈ ခုနှစ် ဧပြီလက တကြိမ်၊ ၂၀၁၂ ခုနှစ် ဇူလိုင်လက တကြိမ် သက်တမ်း တိုးခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လမှာ သက်တမ်း ထပ်မံ တိုးတဲ့အခါ ပြင်ဆင် ဖြည့်စွက်ချက် တချိူ့ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြင်ဆင် ဖြည့်စွက်ချက်အရ အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းဆိုးများ ရှိနေဆဲ ဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ရင်းနှှီးမြှုပ်နှံမှု ခွင့်မပြုဘူးဆိုတဲ့ ဖြည့်စွက်ချက်ပဲ ဖြစ်ပါတယ်။

အမေရိကန် ရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒကို အကြီးအကျယ် ခြိမ်းခြောက်နေဆဲ ဖြစ်တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကြောင့် သမ္မတ အိုဘားမားက နောက်ထပ် ၁ နှစ် သက်တမ်း တိုးလိုက်တဲ့ အရေးယူမှုကို အမေရိကန် ဖက်ဒရယ် ပြည်ထောင်စုမှာ မှတ်ပုံတင်ထားမှာ ဖြစ်သလို ကွန်ကရက် လွှတ်တော်ကိုလည်း ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေမှာ အမေရိကန် ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု မလုပ်ရေးဆိုတဲ့ ကန့်သတ်မှု သက်တမ်း ထပ်မံတိုးနိုင်ဖို့ အမေရိကန် အခြေစိုက် U.S Campaign for Burma (USCB ) အပါအဝင် နိုင်ငံတကာရောက် မြန်မာ့အရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့က သမ္မတ အိုဘားမားထံ စာရေးပေးပို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အဖွဲ့တွေက သမ္မတ အိုဘားမားထံ ပေးပို့တဲ့ စာထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ကြိုးပမ်း အားထုတ် နေပေမယ့် လိုအပ်ချက်တွေရှိနေပြီး မြန်မာစစ်တပ်နဲ့ မြောက်ကိုရီးယားနိုင်ငံ အဆက်အသွယ် ရှိနေတဲ့ ကိစ္စ၊ လယ်သမား၊ အလုပ်သမား၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကို မြန်မာအစိုးရက ဆက်လက် ဖမ်းဆီး ထိန်း သိမ်း မှုတွေ လုပ်နေတဲ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ ဆိုးတွေ ရှိနေတာကို ထောက်ပြ ရေးသားထားတယ်လို့ ဆိုပါတယ်။

ယင်းအပြင် မြန်မာအစိုးရက လူသိထင်ရှား သတင်းမီဒီယာ လွတ်လပ်ခွင့် ပြုပြင်ပြောင်းလဲရေး လုပ်ပြခဲ့ပေမယ့် နာမည် ပျက် စာရင်း ထည့်သွင်းထားသေးတဲ့ နိုင်ငံခြား သတင်းဋ္ဌာနတွေနဲ့ ဒီမိုကရေစီ လိုလားတဲ့ လွတ်လပ်တဲ့ သတင်း မီဒီယာ တွေ အပေါ် အနီးကပ် စောင့်ကြည် နေတာအပြင် မီဒီယာ ဥပဒေတွေနဲ့ တင်းကျပ်မှုတွေ လုပ်တာလည်း ရှိလာ ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရက အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း ပြဋ္ဌာန်းနိုင် ရေး ကြိုးစားနေပြီး အဆိုပါ မျိုးစောင့် ဥပဒေအရ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို ဘာသာခြားနဲ့ လက်ထပ် ထိမ်းမြားမှု ကန့်သတ် ပိတ်ပင်စေတယ်လို့လည်း ရေးသားပေးပို့လိုက်တဲ့ စာမှာ ထောက်ပြ ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading