• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ကျန်ရှိနေသေးသည့် ကျေးရွာများတွင် သန်းခေါင်စာရင်း ကောက်ယူခွင့်ပြုရေး KIA စီစဉ်

by မေခ
17 May 2014
in Ethnic Issues
A A
သန်းခေါင်စာရင်း, KIO, KIA, ကချင်, ငြိမ်းချမ်ရေး, တိုက်ပွဲ, ဗိုလ်ချူပ်ဂွမ်မော်, ဝန်ကြီး ဦးခင်ရီ

မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဗိုလ်ချူပ် ဂွမ်မော်နှင့် ဝန်ကြီး ဦးခင်ရီ ( ဓာတ်ပုံ - မေခ / ဧရာဝတီ)

1.9k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် KIO/ KIA ထိန်းချူပ်ရာ နယ်မြေများတွင် အစိုးရက သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လက်ခံ ဆောင်ရွက်ရန် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က စီစဉ်နေကြောင်း သိရသည်။

“သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် ဦးခင်ရီဘက်က KIO ဗဟို ကော်မတီဝင်တွေကို တင်ပြချင်တယ် ပြောတယ်၊ ဒီအတွက် ကျနော့်ကို လိပ်မူပြီး စာပို့ထားတယ်၊ ကျနော်က တင်ပြပေးသွားမယ်၊ ဒီတော့ ၈ ပတ် အတွင်း လုပ်ဆောင်နိုင်ဖို့က ဗဟိုကော်မတီဝင်တွေက ဆုံးဖြတ်ပါလိမ့်မယ်” ဟု KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ဧရာဝတီကို ပြောသည်။

RelatedPosts

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
4
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
10
အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
66

မေလ ၁၃ ရက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် အစိုးရနှင့် KIO/KIA တို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး  အလွတ်သဘော တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ အကြောင်းပြန် ပြောဆိုခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“တိုက်ပွဲ လျော့ချရေးအတွက် တွေ့ဆုံတာဆိုတော့ သန်းခေါင်စာရင်း ကိစ္စကို အလွတ်သဘောပဲ တွေ့ဆုံဖြစ်တယ်၊ ဒါပေမယ့် နားလည်အောင်တော့ ပြောပြခဲ့တယ်၊ ကျနော်တို့ဘက်က လူတွေကို သင်တန်းပေးပြီး ကောက်ပေးမလား၊ ဘယ်လို ကောက်ပေးမလဲ ဆိုတာကို ပြောလိုက်တယ်၊ သူတို့ အကြောင်း ပြန်မယ် ထင်တယ် ”ဟု ဗိုလ်ချူပ် ဂွန်မော်က ဆိုသည်။

သန်းခေါင်စာရင်း နောက်ဆုံး ကောက်ယူရန် ထပ်မံ တိုးမြှင့်လိုက်သည့် အချိန်ကာလ ၈ ပတ် ကျန်ရှိသေးကြောင်း၊
အဆိုပါ ကာလအတွင်း လုပ်ဆောင်နိုင်ရန် KIO ဌာနချုပ်သို့ စာပို့ထားကြောင်း၊ အကယ်၍ အကြောင်းကြောင်းကြောင့် မကောက်ယူနိုင်ပါက သန်းခေါင်စာရင်း ကောက်ယူမည့်စနစ်၊ တွက်ချက်မှု စနစ်ဖြင့် ကောက်ယူမည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

အစိုးရဘက်မှ KIA ထိန်းချူပ်ထားရာ နယ်မြေရှိ ကျေးရွာ ၉၇ ရွာကို စာရင်း မကောက်ယူနိုင်သေးကြောင်း တင်ပြထားသည့် စာရင်းနှင့် ပတ်သက်ပြီး အချို့ကျေးရွာများတွင် လူနေထိုင်ခြင်း မရှိတော့ကြောင်း ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

“သူတို့ မကောက်ရသေးဘူး ပြောတဲ့ ကျေးရွာ ၉၇ ရွာ စာရင်းကို ကြည့်တော့ တချို့ ကျေးရွာ ၄၀ ကျော်လောက်က ၂၀၀၄ ခုနှစ် လောက်ထဲက လူမနေတော့တဲ့ ရွာတွေပါတယ်၊ နောက်တခုက ဒုက္ခသည် စခန်းမှာ ရောက်နေကြတာတွေလည်း ရှိတယ်၊ မြေပြင် အခြေအနေက ဒီလိုဖြစ်နေတာတွေ ရှိတော့ ဒါတွေကို စိစစ်ပေးပြီးမှ သူတို့ဘက်ကို အကြောင်းပြန်ဖို့ ရှိတယ်” ဟု ဗိုလ်ချုပ် ဂွန်မော်က ဆက်ပြောသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်မှ ဧပြီး ၁၀ ရက် အထိ သတ်မှတ် ကောက်ယူခဲ့ပြီး လုံခြုံရေးအရ ကောက်ယူရန် ကျန်ရှိနေသေးသည့် ကချင်ပြည်နယ်ရှိ ကျေးရွာ ၉၇ ရွာနှင့် ရခိုင်ပြည်နယ်ရှိ ခရိုင် ၅ ခု အနက် ခရိုင် ၃ ခုတို့တွင် သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူရန် ၂ လ ထပ်မံ တိုးချဲ့ထားကြောင်း ဝန်ကြီး ဦးခင်ရီက မေလ ၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် မီဒီယာများအား အသိပေး ပြောဆိုသည်။

အစိုးရဘက်မှ သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကောက်ယူမည့် ပုံစံကို KIO ဘက်မှ တာဝန်ရှိသူများကို သင်ကြားပေးပြီး ကောက်ယူရန် ကမ်းလှမ်းထားသည်ဟု ဗိုလ်ချူပ် ဂွန်မော်က ဆိုသည်။

“သူတို့ ပြောသလို ကောက်ယူလို့ မရရင် သန်းခေါင်စာရင်း ကောက်ယူတဲ့ နည်းစနစ်အရ ကောက်မယ်လို့လည်း သိရတယ်၊ ဒီကိစ္စက နောက်ပိုင်းမှာ ဒီစာရင်းတွေက လူဦးရေ အရ နိုင်ငံရေးဘက်မှာ သုံးလာနိုင်သလား ဆိုတာတော့ ဥပဒေမှာ ပြဋ္ဌာန်း ထားသလိုပေါ့၊ အစိုးရဘက်က ကောက်ပေးဖို့ ပြောသလို ကောက်ပေးရမယ်ဆိုလည်း အဆင်ပြေနိုင်သလို ကျနော်တို့ လုပ်ထားတာကိုပဲ ပေးလို့ရတယ်ဆိုလည်း အဆင်ပြေနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

လက်ရှိတွင် အစိုးရ တင်ပြချက်များကို KIO ဗဟိုကော်မတီဝင်များသို့ တင်ပြရန် ရှိပြီး ဗဟိုကော်မတီ အဆုံးအဖြတ်ဖြင့်သာ လုပ်ဆောင်သွားမည် ဖြစ်သော်လည်း တိကျသည့် ဆုံးဖြတ်ချက်ကို မကြာခင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူရန် ထပ်မံ တိုးမြှင့်ထားသည့် ၂ လအတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် တတ်နိုင်သမျှ ကောက်ခံသွားရန် စီစဉ်ထားပြီး အားလုံး ကောက်ခံ၍ မရခဲ့လျှင် ခန့်မှန်း လူဦးရေစာရင်းကို လာမည့် သြဂုတ်လအတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

Your Thoughts …
မေခ

မေခ

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
နှလုံသားမှာ နှင်းများ လာရိုက်ခတ်,ချယ်ရီ မဂ္ဂဇင်း,ရသစာတမ်း,အက်ဆေး,နိုင်ငံရေး အကျဉ်းသားဟောင်း

နှလုံးသားကို စာတမ်းတချို့နဲ့ ရိုက်ခတ်

တပ်မတော်, ဒေါ်အောင်ဆန်းစုကြည်, နိုင်ငံရေး, ဗိုလ်ချုပ်အောင်ဆန်း, ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ, ဗိုလ်စိန်မှန်, ရန်ကုန်

စစ်သားများ နိုင်ငံရေးလုပ်လိုလျှင် တပ်မှ ထွက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 day ago
4.5k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate