အာရှဒေသရှိ ကုမ္ပဏီအများစုသည် မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် စီစဉ်လျက်ရှိကြောင်း United Oversea Bank (UOB) ဘဏ် လီမိတက်၏ ထုတ်ပြန်ချက်အရ သိရသည်။ UOB အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လ အတွင်း အာရှဒေသတွင်းရှိ ကုမ္ပဏီလုပ်ငန်း ၁၀၈ ခုမှ သဘောထား စစ်တမ်းကောက်ယူခဲ့ရာ လုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော်က စိတ်ဝင်စား ပြင်ဆင်လျက်ရှိသည်ဟု UOB ၏ စစ်တမ်း၌ ဖော်ပြထားသည်။ စစ်တမ်း ကောက်ယူခဲ့သည့် ကုမ္ပဏီ ၄၆ ရာခိုင်နှုန်းက မြန်မာနိုင်ငံ၌ တိုးတက်လျက်ရှိသော အလယ်အလတ် အဆင့် လူတန်းစားအတွက် အထောက်အပံ့ပြုမည့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အခွင့်အလမ်းများ ရှိနေသည်ဟု ရှုမြင်ပြီး ၄၁ ရာခိုင်နှုန်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများက အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာမည်ဟု သုံးသပ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။