လက်ပံတောင်းတောင် ဒေသ လယ်သမားအရေး လှုပ်ရှားသူ ကိုအောင်စိုးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံ လယ်သမားများ ကလည်း ဝမ်ပေါင်ကြေးနီလုပ်ငန်းမှ တရုတ်အလုပ်သမား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း VOA သတင်းတရပ်တွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသည့် တရုတ် လုပ်သား ၂ ဦးကို ဆည်တဲရွာတွင် ချုပ်နှောင်ထားကြောင်း၊ ယမန်နေ့ည ၈ နာရီခန့်က စပြီး ရဲအင်အား အလုံးအရင်းနှင့် လက်ပံတောင်းတောင် တဝိုက်ရောက်ရှိလာပြီးနောက် ည ၁၁ နာရီခန့်တွင် ဇီးတောစမ်းမြဝတီ ကျောင်းတိုက်ဘက် စတင်ပစ်ခတ်ပြီး ပဋိပက္ခ ဖြစ်ပွားကြောင်း သတင်းတွင် ဖော်ပြထားသည်။ လက်ပံတောင်းတောင် ကြေးနီ စီမံ ကိန်းနယ်မြေတွင် ရှိနေသည့် လယ်တီ ဆရာတော်ကြီး၏ ကျောင်းနှင့် သိမ်တော်ကို ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။