တပ်မတော်၏ တာဝန်သည် ပြည်သူကို ကာကွယ်ရန်၊ တိုင်းပြည်ကို ကာကွယ်ရန် ဖြစ်ပြီး အုပ်ချုပ်ရန် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က မန္တလေးမြို့ အောင်ပင်လယ်ကွင်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ္ပ၌ ပြောဆိုသည်။ ၎င်းက တပ်မတော် အနေနှင့် အာဏာနှင့် အခွင့်အရေးကို မမက်မောဘဲ တိုင်းပြည်ကို အမှန်တကယ် ချစ်သည်ဆိုလျှင် အခြေခံ ဥပဒေကို ပြင်၍ သက်သေပြရန် တိုက်တွန်းလိုက်သည်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းကာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုတွေ့ဆုံပွဲများ အရှိန်မြှင့် လုပ်ဆောင်လာရာ မေ ၁၇ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်း၌ လည်းကောင်း၊ မေ ၁၈ ရက်နေ့က မန္တလေးမြို့ အောင် ပင်လယ်ကွင်း၌ လည်းကောင်း ကျင်းပခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။