• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ဖွဲ့စည်းပုံ ပြင်ရေး ဒေါ်အောင်ဆန်း စုကြည်၏ တပ်မတော်ကို စိန်ခေါ်ချက်အပေါ် အမြင်များ

by ဧရာဝတီ
19 May 2014
in Politics
A A
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး, ဒေါ်အောင်ဆန်းစုကြည်, တပ်မတော်, နိုင်ငံရေး, လွှတ်တော်, တိုင်းရင်းသား, ကချင်, ရခိုင်

မန္တလေးမြို့တွင် မေလ ၁၈ ရက်နေ့ ဖွဲ့စည်းပုံပြင်ရေး မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

11.5k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၁၇ ရက်နေ့ နှင့် မတ် ၁၈ ရက်နေ့တွင် ရန်ကုန် နှင့် မန္တလေးမြို့များတွင် ပြည်သူလူထုနှင့်တွေ့ဆုံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် တပ်မတော်ကို တိုက်တွန်း ချက်နှင့် စိန်ခေါ်ချက်များစွာ ပြုလုပ်ခဲ့ပြီး “နိုင်ငံရေးလုပ်ချင်ရင် တပ်ထဲက ထွက်” ၊ “ တပ်မတော်သည် အာဏာ နှင့် အထူး အခွင့်အရေးများကို မမက်မောဘဲ တိုင်းပြည်နှင့် လူမျိုးကို ချစ်ချင် အလေးထားမှု ပြသသည့်အနေဖြင့် သတ္တိရှိရှိ ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်၍ သက်သေပြ ရန် စိန်ခေါ်လိုကြောင်း” ဟူသော တပ်မတော်၏ ရပ်တည် ချက်ကို မေးခွန်း ထုတ်သော စိန်ခေါ်မှုများ ပြုလုပ်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော် အပေါ် စိန်ခေါ်မှုများနှင့်ပတ်သက်၍ တပ်မတော်သားတချို့၊ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် တိုင်းရင်းသား တို့၏ အမြင် များကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်နှင့် စနေလင်းက ဆက်သွယ် မေးမြန်းထားပါသည်။

ဗိုလ်မှူးကြီး ဌေးနိုင်
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

RelatedPosts

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
1k
မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

မြန်မာ့အရေး မလေးရှား ဖောက်တဲ့လမ်းက ဘာလဲ ဘယ်လဲ (ရုပ်/သံ)

23 June 2025
16
အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
290

ဥပဒေ ပြင်ဆင်ရေးမှာ ၄၃၆ ကတော့ မူတည်တာပေါ့။ သူ(ဒေါ်အောင်ဆန်းစုကြည်) က ဘယ်လိုပဲပြောပြော ကျနော်တို့ရဲ့ ခံယူချက်က ပြင်သင့်တာ တော့ ရှိတာပေါ့။ ပြင်ရမှာပဲလေ။ လွှတ်တော်မှာလဲ ကော်မတီဖွဲ့ပြီးတော့ လုပ်နေတာပဲလေ။ ပူးပေါင်းဖို့က ကျနော်တို့လည်း ပါနေတာပဲလေ။ သူတို့က ကျနော်တို့အပေါ်ကို ဘယ်လိုသဘောထားလဲတော့ မသိဘူးလေ။

နိုင်ငံရေး လုပ်ချင်ရင် တပ်က ထွက်လို့ ပြောတာကို မကြိုက်ဘူး။ ကျနော်တို့လည်း တိုင်းပြည်ချစ်လို့ စစ်တပ်ထဲ ဝင်လာ တာလေ။ တပ်မတော်သားဆိုတာက နိုင်ငံခြားက လာတဲ့ သူတွေမဟုတ်ဘူး။ ပြည်သူထဲက ပြည်သူတွေပဲ။ နိုင်ငံ ကောင်းဖို့၊ တပ်မတော် ကောင်းဖို့ စသဖြင့်လုပ်နေတာပဲ။ ဝင်လာထဲ ကလည်း တပ်မတော်သား သည် ပြည်ထောင်စုရဲ့ သားသမီး တွေပဲ။ ကျနော်တို့တပ်မတော်သားတွေက နိုင်ငံတော်ကောင်း အောင်လုပ်နေတာပဲ။ လွှတ်တော်ထဲမှာလဲ နိုင်ငံ ကောင်းဖို့ ကြိုးစား ဆောင်ရွက်နေတာပဲ။ ဒီလိုပဲခံယူထားတယ်။

အာဏာမမက်ရင် အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ပြောတာက ပြောတဲ့ သူရဲ့ တာဝန်ပဲလေ။ သူပြောသလို သူဘာသာ တာဝန်ယူသွားရမှာပဲလေ။ လွှတ်တော်တွင်းမှာရှိနေစဉ်လည်း ဘယ်သူ့ ကိုမှ ဒုက္ခမပေးပဲ နိုင်ငံကောင်းဖို့အတွက်။ ကျနော်တို့က ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ရမှာပဲ။ ဒါကို တော့ လုံး၀ ထိပါးခံ လို့တော့မရဘူး။

ဦးစိုင်းညွှန့်လွင်
အထွေထွေ အတွင်းရေးမှူး၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

ဒေါ်အောင်ဆန်းစုကြည် ဟောပြောတာကို လူထုက သိပ်ကြိုက်နေတယ်။ ဒါပေမယ့် တပ်ဘက်ကတော့ ကြိုက်ချင်မှ ကြိုက်မှာပေါ့။ တပ်ပိုင်းက သွေးခွဲတယ်လို့တောင် ထင်ကောင်း ထင်နိုင်တယ်။ သူပြည်သူလူထုကို စည်းရုံးတာက အောင်မြင်တယ်လို့ပြောနိုင်တယ်။

အခုဖွဲ့စည်းပုံ ပြင်ဆင်ရေး အောင်မြင်တယ် ၊ မအောင်မြင်ဘူးကလည်း တဖက်က လက်ခံတယ် ၊ လက်မခံဘူးဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အဲဒါက ခုချိန်မှာခန့်မှန်းဖို့ ခက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်စိန်မှန်ကွင်းမှာ ပြောတာ ကျနော် နားထောင်လိုက်ရတယ်။ သူပြောတဲ့ Idea ကတော့ ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာပဲ ဥပဒေနဲ့အညီ ပြင်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာအောင်က လူထုက ရွှေးချယ် တင်မြှောက်တာ။ အဲဒါကြောင့် သူတို့ရဲ့ သဘောထားတွေကို သူတို့လွှတ်တော်ကိုယ်စားလှယ်တွေ သိအောင် ပြောပေးဖို့ တောင်းဆိုတာပါ။

ဒီတကြိမ်မရလည်း နောက် ၂၀၁၅ မှာ ဒီလူတွေကို မရွေးတော့ဖို့ ပြောတာပဲ။ သေချာတွက်ချက်ကြည့်ရင်တော့ ဖွဲ့စည်းပုံက လွှတ်တော်ထဲမှာ ပြင်လို့ရစရာ တကွက်မှ မရှိဘူး။ လွှတ်တော် ပြင်ပကနေ သူက မလုပ်ချင်ဘူး ထင်တယ်။ လွှတ်တော် ပြင်ပမှာဆို အတိုက်အခံ သိပ်ဆန်သွားပြီးတော့ ဆန္ဒပြပွဲတွေပုံစံ ဖြစ်သွားမှာကိုလည်း မလိုလားဘူးထင်တယ်။ ဆိုတော့ စောင့်ကြည့်ရမှာပဲ ။ Risk တွေကလည်း သိပ်များနေတယ်လေ။ ပြင်နိုင်စရာလမ်းကလည်း သိပ်မရှိဘူး။ ထိုင်နေလို့ ကလည်း မရဘူး။

ဦးဖေသန်း
ရခိုင်ပြည်နယ်၊ မြေပုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ

အရင်က ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို တွေ့ဆုံ ဆွေးနွေးဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် မအောင်မြင် တဲ့အခါ လမ်းကြောင်း ပြောင်းပြီး စစ်တပ်ကို ဝေဖန်ပုတ်ခတ်တာတွေ လုပ်လာတယ်။ အကျိုး သက်ရောက်မှု က ဘယ်လို ဖြစ်မလဲ ဆိုတော့ လူထုကလည်း စိတ်ဝင်စားမှု ရှိနေတယ်။ တပ်ကို အခုလို ဝေဖန်ပုတ်ခတ် တဲ့ အတွက် အကျိုးဆက်ကတော့ မကောင်းနိုင်ဘူး။ ၁၉၉၀ ရွှေးကောက်ပွဲတုန်းကလည်း ပြင်းပြင်းထန်ထန် ပြောခဲ့တဲ့အတွက် အဲဒီအချိန် တုန်းက တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့သဘောထားကို ကြည့်ပြီးတော့မှ လမ်းကြောင်း ပြောင်းသွား တယ်လို့ ဆိုနိုင်တယ်။

အဲဒီတုန်းက တပ်နဲ့ညှိ နိုင်ခဲ့ရင် ဒီလောက် အချိန်ကြာခဲ့မှာ မဟုတ်ဘူး။ အခုလည်း သူအဲလို ပြောလာတဲ့ အပေါ်မှာ တပ်က တော့ သူတို့ကို တိုက်ခိုက်လာပြီဆိုတာ သိမှာပဲ။ တပ်က လည်း သူတို့ရဲ့ ရပ်တည်ချက်ကို ပုံဖော်လာတယ်။ သမ္မတ ဦးသိန်းစိန် ကလည်း ဒီလိုတိုက်ခိုက်ခြင်းအစား ဥပဒေဘောင်ထဲကပဲ လုပ်ဖို့ ပြောလာတယ်လေ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်က ပြောင်းမပေးလို့ ၈၈ နဲ့ပေါင်းပြီး လူထုတွေကို လမ်းပေါ် ဆွဲတင်ရင် ဘယ်သူတွေ နစ်နာမလဲ။ ဆိုလိုတာက နှစ်ဖက် တင်းတင်းမာမာဖြစ်လာရင် တိုင်းပြည်ရဲ့ လမ်းကြောင်းက ကျနော်တို့ မျှော်လင့်ထားသလို ညှိနှိုင်းရေး လမ်းကြောင်းပေါ်ကို မရောက်ဘဲ ၉၀ ခုနှစ်တုန်း ကလို ဖြစ်သွားမှာ စိုးတယ်။ အခုလိုပုံစံကတော့ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်။ တပ်နဲ့ ကြံခိုင်ရေး ကတော့ လျှော့ပေးမယ့်ပုံ မပေါ်ဘူး။

အခုလို အနေအထားက ညှိနှိုင်းရေး လမ်းကြောင်းကို မရောက်ဘဲ အပြန်အလှန် တိုက်ခိုက် ပြီး နောက်ဆုံး လူထုပါ ထွက်လာရင် ၂၀၁၅ ရွှေးကောက်ပွဲတောင် မသေချာတော့ဘူး။ အဲဒီတော့ လွှတ်တော် လမ်းကြောင်းထဲကပဲ သွားသင့်တယ်။ လွှတ်တော်မှာလည်း ဖွဲ့စည်းပုံပြင်မယ့် ၃၃ ဦး ကော်မတီမှာ အတိုက်အခံနဲ့တိုင်းရင်းသားက ၁၀ ယောက်လောက်ပဲ ပါတာ ။ ကျန်တာက စစ်တပ်နဲ့ ကြံခိုင်ရေးက ၂၁ ဦး ဖြစ်နေတယ်။

ကျနော်တို့ လိုသလောက်ကတော့ မရနိုင်ဘူးဆိုရင် ရသလောက်ကို အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်။ ဒေါ်စုအနေနဲ့လည်း သူသမ္မတ မဖြစ်ရင်လည်း လွှတ်တော် ဥက္ကဋ္ဌ လောက်ယူထားနိုင်ရင် အများကြီး လုပ်လို့ရပါတယ်။ အဲလိုသွားနိုင်ရင် ၂၀၁၅ နောက်ပိုင်းမှာ ကျနော်တို့လိုချင်တာတွေ အကုန်လုံး ပြင်လို့ ရနိုင်မယ်။

ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ
မကွေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

သူတို့က ပုဒ်မ ၄၃၆ ကို ပြင်ပေးပါ ဆိုပြီးတော့ ကုန်းအော်နေတယ်။ အသည်းအသန်ကို ပြောနေတာပေါ့လေ။ အဲဒီလို ပြောတဲ့အခါမှာ တပ်မတော်ကရော ၊ သမ္မတကရော ၊ ဦးရွေမန်းကရော အခြေခံ ဥပဒေထဲမှာ ရှိတဲ့ ပြင်သင့် ပြင်ထိုက်တာ တွေ ပြင်မယ်လို့ ပြောတယ်။ ပြင်မယ်လို့ ပြောရင် ၄၃၆ ဆိုတဲ့ ဂိတ်ကြီးကို ဖြတ်ရမယ်။

၄၃၆ ဆိုတဲ့ ဂိတ်ကြီးကို ဖြတ်မှ အထဲက ပုဒ်မ ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ဆိုတဲ့ ပုဒ်မတွေက ပြင်လို့ရမှာ ။ ဒီ ၄၃၆ ကြီးကို ဟပေးလိုက်မှ အထဲထဲကို ဝင်လို့ရမှာ ဖြစ်တဲ့အတွက် ပြင်မယ်လို့ တပ်မတော်ကရော ၊ သမ္မတ ကရော ၊ ဦးရွှေမန်းကရော ပြောထားပြီး ဖြစ်တဲ့အတွက် ၄၃၆ ဆိုတဲ့ ဂိတ်ကြီးဟာ အလိုအလျောက် ပွင့်ပြီးသားလို့ ပြောချင်တယ်။ ဆိုလိုတာက တပ်မတော်က လည်း ဒါကို ထောက်ခံမဲ ပေးမှာပဲ။ ကြံခိုင်ရေးကလည်း ထောက်ခံမဲ ပေးမှာပဲ။ ဘယ်သူမှ မကန့်ကွက်လို့ ရှိရင် ၄၃၆ ကြီးက Pass ဖြစ်သွား မှာပဲ။ ၄၃၆ ကြီးအတွက်ကို ပူစရာ မလိုတော့ဘူးလို့ ကျနော်က မြင်တယ်။

ဒါပေမယ့် တပ်က ပြင်ပေးပါမယ်လို့ ပြောထား တာကို တမင်တကာ ဇတ်နာအောင် သူတို့ ပြောလို့ပဲ တပ်ကပြင်ပေးရတယ် ဆိုတဲ့ ပုံဖြစ်အောင် လုပ်နေတာ။ ပြင်စရာ ရှိတာ ပြင်ပေးမယ်လို့ ပြောထားပြီးသားပဲ။ တပ်က ပြင်ဖို့ရှိတဲ့ အချက်အလက် တွေ အကုန်လုံး ပေးပြီးပြီလို့တောင် ကျနော်တို့ သတင်း ရထားတယ်။

ဦးသုဝေ
ဥက္ကဋ္ဌ၊  ဒီမိုကရက်တစ်ပါတီ (မြန်မာ)

သူက ဟောပြောပွဲမှာ ဖွဲ့စည်းပုံ ပြင်ဖို့ ပရိတ်သတ်ကို တိုက်တွန်းသွားပြီးတော့ သတ္တိရှိရှိ ပြင်ပေးဖို့ ပြောလာတယ်။
တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားတာ တရားနည်းလမ်းမကျဘူးဆိုတာ သူအရင်က မပြောဘူး။ အခုထုတ်ပြောလာပြီ။ ဒါကတော့ ဒီမိုကရေစီ သဘောအရ ပြောသင့်တာပဲ ။ ကျနော်တို့လည်း ပြောနေတာပဲလေ။ ကျနော်တို့လည်း ဒီ ၂၅ ရာခိုင်နှုန်းက လူထုရွေးကောက်တင်မြှောက်တာ မဟုတ်တဲ့အတွက် ဒီမိုကရေစီ မကျဘူးဆိုပြီး ပြောထားတာ ရှိပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်းကတော့ တိုက်ခိုက်တာမျိုး မဟုတ်ဘဲနဲ့ အစိုးရ လုပ်နေတာကို ဝိုင်းကူပေးလိုက်တာက ပိုမြန်မလား မသိဘူး။ အခုလည်းထိပ်ပိုင်းမှာ ပြုပြင်ပြောင်းလဲနေတာတွေ ရှိပေမယ့် အောင်ခြေမှာက နှောင့်နှေးနေတာတွေ ရှိနေတာပဲလေ။ အဲဒါတွေကို ဝိုင်းပြီးတော့ ပြီးအောင် မြန်မြန်လုပ်ပေးလိုက်ရင် ပြုပြင်ပြောင်းလဲရေးကို မြန်မြန်ရောက်မှာပဲ။

ဗိုလ်မှူးကြီးဟောင်း ဦးမင်းဆွေ
ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အခု စစ်တပ်က ကာကွယ်ရေး ဝန်ကြီး၊ စစ်ထောက်ချုပ် စတဲ့သူတွေက ဘာတွေ လုပ်ပိုင်ခွင့် ရှိနေလဲ။ အရင် နဝတ၊ နအဖ ခေတ်တုံးက ကာကွယ်ရေးဝန်ကြီး၊ စစ်ထောက်ချုပ်၊ ဗိုလ်မှူးချုပ်၊ တိုင်းမှူးတွေကအစ ဘာတွေ လုပ်ပိုင်ခွင့်ရှိလဲ ဆိုတာ သေချာ လေ့လာလိုက်ရင် စစ်တပ်က အာဏာမက်တယ်ဆိုတာကို သူတို့ ပြောမှာမဟုတ်ဘူး။ စစ်တပ်မှာ ဘာမှ အာဏာ မရှိပါဘူး။ စစ်တပ်က ဘတ်ဂျက်ဆိုလည်း ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုတဲ့ဟာကိုပဲ သူတို့ သုံးလို့ရတယ်။ အစိုးရက ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်ဖို့တောင်မှ ကာကွယ်ရေး ဦးစီးချုပ် ရွေးချယ်ရေး အဖွဲ့ဆိုတာ ရှိတယ်။ ရှင်းရှင်း ပြောရရင် တပ်မှာ အာဏာရှိတယ်ဆိုတာ မဟုတ်ဘူး။ စစ်တပ်က အာဏာမက်တယ်ဆိုတာလည်း မဟုတ်ဘူး။ ဖွဲ့စည်းပုံ ကိုလည်း သေချာနားမလည်၊ လုပ်ပိုင်ခွင့်တွေကိုလည်း သေချာ မလေ့လာဘဲနဲ့ သူတို့ပြောနေတာ။ တပ်မတော်သားတွေ အသက်စွန့် နေကြတာ ပြည်သူလူထုတွေအတွက်ပါပဲ။ နိုင်ငံရေးသမားတွေ လှုပ်ရှားလို့ လူထုပဲ အ သေခံလာခဲ့ရတာ။ သူတို့ တယောက်မှ မသေဘူးလေ။

တပ်ကထွက်ဆိုတာဗျာ ကျနော်လည်း တပ်ကထွက်လာခဲ့ပြီး နိုင်ငံရေး လုပ်နေတာပဲ။ လွှတ်တော်ထဲမှာ တပ်က ရှိနေတာ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရယ်၊ ဒို့တာဝန်အရေး ၃ ပါးကို စောင့်ကြည့်တဲ့အနေအထားပါ။ သူတို့က နိုင်ငံရေး
လုပ်တာမဟုတ်ပါဘူး။ တပ်က ထွက်လာတဲ့လူတွေ လုပ်နေကြတာပါ။ ဒါကလည်း နိုင်ငံရေး လုပ်ချင်လို့ ကျနော်တို့လည်း ထွက်လာတာပဲလေ။ အချိန်တန်ရင် လွှတ်တော်ထဲက တပ်မတော်သားတွေက ထွက်သွားမှာပဲ။ ဖွဲ့စည်းပုံပြင်ရေးဆိုတာ
ပြည်ထောင်စုလွှတ်တော်က လုပ်မှ ရတာ။ ဘေးကနေ ဘယ်သူအော်အော် မရပါဘူး။ ကဲ ၈၈ ကလို လုပ်ချင်လား။ အဲဒါဆို ရင်တော့ တပ်က ပြန်သိမ်းမှာပေါ့ဗျာ။ ဒါပဲရှိတာပဲ။

အခုလို ဒီမိုကရေစီဆိုပြီး လူထုအားနဲ့ လုပ်နေတာ စစ်တပ်ကို ဖိအားပေးနေတဲ့ သဘောပဲဗျာ။ အဲဒီလိုသာဆို စစ်အုပ်ချုပ် ရေး ပြန်ရောက်သွားမှာပေါ့။ အဲဒါကြောင့် နိုင်ငံသားတွေလည်း ဘယ်သူမှ အကျိုးမရှိဘူး။ စစ်တပ်အတွက်လည်း အကျိုး မရှိဘူး။

ဒေါက်တာတူးဂျာ
ဥက္ကဋ္ဌ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ

ကျနော် နားလည်သဘောပေါက်မိလိုက်တာကတော့ တပ်မတော်အနေနဲ့လည်း ဒီဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးမှာ တတပ် တအား ပါဝင်စေချင်တဲ့သဘောပေါ့။ ဒီလိုပြောတာလည်း တပ်မတော်ကို အတူတူပူးပေါင်းဆောင်ရွက်စေချင်တဲ့ သဘော နဲ့ ပြောတာ။ ဒီလိုနည်းနဲ့ ပူးပေါင်းဖို့ပေါ့။ ကျနော်ကတော့ သူပြောတာ အဆိုးတော့ မမြင်ဘူး။ အပြုသဘောဆောင်တယ် လို့ပဲ သုံးသပ်မိတယ်။ ဘာလို့လဲဆိုရင် တိုင်းပြည်တပြည်  အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တပ်မတော်၊ ပြည်သူ၊ အစိုးရ တို့က စည်းလုံး ညီညွတ်ရမှာကိုး။ အဲဒါကြောင့် ၃ ခုလုံးက ခွဲခြားလို့မရသလို ခွဲခြားပြီး ရပ်တည်ဖို့လည်း မသင့်ဘူး။

အခုချိန်အခါမှာ အရေးကြီးနေတာက အခြေခံဥပဒေ ပြင်ဖို့ဖြစ်နေတယ်။ အဲဒါကြောင့် တပ်မတော်၊ ပြည်သူ၊  အစိုးရ
တို့ လက်တွဲ လုပ်သွားမလားဆိုတဲ့ စေတနာနဲ့ ပြောသလားဆိုလို့ ကျနော်နားလည်တယ်။ အခုလို ပြောနေတာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ထိပ်တိုက်တွေ့မလားဆိုရင် ကျနော်အမြင်ကတော့ ညှိနှိုင်းမှုတွေ လိုနေ တာ။

ညှိနှိုင်းမှုမရှိဘဲနဲ့ သီးခြား အမြင်သဘောထား ဖော်ပြနေကြတာကိုး။ စားပွဲဝိုင်းပေါ်မရောက်ချင်းတော့ သူ့ဆန္ဒဖော်ထုတ်၊ ကိုယ်ဆန္ဒဖော်ထုတ် နဲ့ သူ့အမြင် ကိုယ့်အမြင် ကွဲပြားနေကြမှာပဲလေ။ ဒါကို စုစည်းရမှာ။ ဘုံသဘော တူညီချက် အမြင်ကို ရှာရမှာ။ သူက ဒီလိုဆို လို့ ပယ်ချလိုက်၊ သူ့ကိုတိုက်လိုက်နဲ့ ဒီလိုမျိုးတွေဖြစ်နေရင် ဒီသံသရာကြီးက လည်နေဦးမှာပဲ။ အဲဒီအဆင့်ကို မရောက်နိုင်  သေးတာကိုပဲ ကျနော်စိတ်မကောင်းနေတာ။

အခုလိုပြောလို့ ထိပ်တိုက်တွေ့မလားဆိုတာက တပ်လည်း နားလည်သဘောပေါက်မှာပါ။ အားလုံးကလည်း နောက်ပြန်မ လှည့်ချင် ကြဘူးကိုး။ ကတိပေးပြီးသားဆိုတော့ ဘယ်လိုမှ တော့ နောက်ပြန်မလှည့်သင့်ဘူး။ အချင်းချင်း နားလည် သဘော ပေါက်ပြီးတော့ သည်းခံ စိတ်ရှည်ကြဖို့ပေါ့။ စိတ်သဘောထား ဖြူစင်ကြဖို့။ ဘာအကြောင်းကြောင့်မှ နောက် ကြောင်း ပြန်မ လှည့်သင့်ဘူး။ စစ်တပ်က အာဏာ ပြန်သိမ်းတာတို့က ကျနော်တို့နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ဒါမရှိသင့် တော့ဘူး။

Your Thoughts …
Tags: Interviews
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

ဦးဝင်းတင်, ဧရာဝတီ, အင်တာဗျူး, ဒေါ်အောင်ဆန်းစုကြည်, NLD

ထောင်ကထွက်လာတဲ့ ကျားရဲ

by ဧရာဝတီ
12 March 2016
8.7k

၂၀၀၈ စက်တင်ဘာလ ၂၃ တွင် လွတ်မြောက်လာသည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဦးဝင်းတင်၏ ၈၆ နှစ်ပြည့် မွေးနေ့အဖြစ် ကျရောက်သော ယနေ့တွင် အမှတ်တရ ပြန်လည်ဖော်ပြအပ်ပါသည်

Next Post
လက်ပံတောင်းတောင်, ကြေးနီ စီမံကိန်း, ဝမ်ပေါင် ကုမ္ပဏီ, မုံရွာ, တရုတ် ဝန်ထမ်း

လက်ပံတောင်း၌ တရုတ် ဝန်ထမ်း နှစ်ဦး ဖမ်းဆီးမှုအပေါ် တင်းမာမှု ဆက်ဖြစ်နေ

အခြေခံပညာရေး, ပုဂ္ဂလိက အခြေခံ ပညာကျောင်း, မူလတန်း, တက္ကသိုလ်ဝင်တန်း, ပညာရေး, အမျိုးသား ပညာရေး မူဝါဒ, တက္ကသိုလ် လွတ်လပ်ခွင့်, ပညာရေးဝန်ကြီးဌာန

ငွေမရှိရင် ပညာသင်ဖို့ ခက်လာတဲ့ အခြေခံ ပညာရေး

Please login to join discussion
No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.3k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate