ထိုင်းနိုင်ငံတွင် ထိုင်းစစ်တပ်က ယနေ့နံနက်ပိုင်း၌ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ထိန်းချုပ်မှု စင်တာ (The Peace Keeping Command Centre-PKCC) ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ထိုင်း လုံခြုံရေး အက်ဥပဒေအရ ထိုင်း တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ လက်မှတ်ရေးထိုး၍ စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းခြင်း မဟုတ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ ယခုကဲ့သို့ ထိုင်းစစ်တပ်က စစ် အုပ်ချုပ်ရေး ကြေညာခြင်းသည် လက်ရှိ အိမ်စောင့်အစိုးနှင့် တိုင်ပင်ခြင်း မရှိကြောင်းလည်း အစိုးရပိုင်းက ထုတ်ပြန်ထားသည်။ ဝန်ကြီးချုပ် ယင်းလတ်ကို ဖွဲ့စည်းပုံအ ခြေခံဥပဒေခုံရုံးမှ အဂတိလိုက်စားမှု စွဲချက်ဖြင့် ယခုလ စောစောပိုင်းက ရာထူးမှ ဖယ်ရှားခဲ့သည်။ ထိုင်းနိုင်ငံရေးတွင် စစ်တပ်က မကြာမကြာ အာဏာသိမ်းလေ့ရှိပြီး ၈၁ နှစ် အတွင်း စစ်တပ်က အကြိမ်ပေါင်း ၁၈ ကြိမ် အာဏာသိမ်းခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။