မလေးရှားက လေယာဉ်ရှာဖွေရေး ဂြိုဟ်တု သတင်းများ ထုတ်ပြန်ပေးမည်
This article has been converted from Zawgyi One to Unicode
မလေးရှား အစိုးရက အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံးနေသည့် လေယာဉ် ရှာဖွေရာတွင် ဂြိုဟ်တုမှရရှိခဲ့သည့် သတင်း အချက်အလက်များ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း AP သတင်းတရပ် အရ သိရသည်။ မလေးရှား ပြည်တွင်း လေကြောင်းဌာနနှင့် ဗြိတိသျှ ကုမ္ပဏီ Inmarsat တို့ ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် လက်ရှိ အနေအထားကို ထင်သာမြင်သာ ရှိစေရန် ဖြစ် သည်ဟု ဆိုသည်။ လေယာဉ်တွင် ပါသွားသည့် ခရီးသည် ၂၃၉ ဦး၏ တချို့သော ဆွေမျိုးနှင့် မိသားစုတချို့က သတင်း အချက် အလက်သစ်များ အားလုံး ထုတ်ပြန်ပေးရန် တောင်းဆိုကြ ကြောင်းနှင့် ယင်း အချက်များကို မူတည်ကာ သီးခြား လွတ်လပ်သည့် စုံစမ်းမှုများ ပြုလုပ်မည်ဟု ဆိုသည်။ မလေးရှားလေယာဉ် MH 370 သည် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ တရုတ် နိုင်ငံဘေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။