• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

လွှတ်တော် ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် သဘောတူညီဟု ဆို

by ထက်နိုင်ဇော်
20 May 2014
in Politics
A A
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး, ပုဒ်မ ၄၃၆ , NLD , ၈၈ မျိုးဆက် ကျောင်းသား, လွှတ်တော်, ဦးရွှေမန်း, ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

သန်လျင်မြို့နယ်မှ ဖွဲ့စည်းပုံ ပြင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ - ဟိန်းထက် / ဧရာဝတီ)

6.2k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် သဘောတူညီလိုက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြကာ အဆုံးအဖြတ်ခံယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ NLD နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တချို့ပါဝင်သော အဖွဲ့ဝင် ၃၁ ဦးပါ  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီက မေလ ၁၉ ရက်နေ့မှစတင်၍ အခြေခံဥပဒေ ပြင်ဆင် ရေး အစည်း အဝေးများ စတင် ပြုလုပ်ခဲ့ပြီး လွှတ်တော်စတင်မည့် မေလ ၂၈ ရက်နေ့အထိ အစည်းအဝေးများ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
1.6k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
511
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
5.5k

မေလ ၁၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ၏ အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ရန် ခက်ခဲနေသော  ပုဒ်မ ၄၃၆ ပြင်ဆင်ရေး  ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ထည့်သွင်းနိုင်ရေး တို့ကို အကြိတ် အနယ်ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ လွှတ်တော်ကော်မတီက ရရှိလာသော သဘောတူညီ ချက် များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ်ခံယူသွားမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင် ရေး အကောင် အထည်ဖော်မှု ကော်မတီဝင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ဦးတင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။

“ပုဒ်မ ၄၃၆ ကို ပြင်မှာပါ ။ ကြံခိုင်ရေးက ဦးဆောင် ပြင်မယ်။ အခန်း ၁၂ မှာ ရှိတဲ့ ပုဒ်မ ၄၃၃ ၊ ၄၃၄ ၊ ၄၃၅ ၊ ၄၃၆ စတဲ့ ပုဒ်မ တွေရှိပါတယ်။ ပြင်ဖို့ လုပ်မှာပါ ။ တခု သတိထားဖို့က ကျနော်က ပြင်ဆင်ရေးကော်မတီ မဟုတ်ပါဘူး။ အကြံပြု နိုင် တဲ့ အဆင့်ပဲ ရှိတာပါ ။ မနေ့က အခန်း ၁ ရဲ့ ပုဒ်မ ၉ အထိ ပြီးပါတယ်။ ဒီနေ့ အခန်း ၁ ပုဒ်မ ၁၀ ကနေပြီးတော့ ၁၀ က ၊ ခ ၊ ဂ အထိ ပြီးပါတယ်။ တော်တော်လေး ပြင်ပေးမှာပါ ။ ခေတ်စနစ်နဲ့ အညီပေါ့နော်။ နိုင်ငံတော် အတွက်လည်း စဉ်းစားရ သေး တယ်” ဟု ဦးတင်မောင်ဦးက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် အခြေခံဥပဒေ  အခန်း ၁၂ ကို စတင်ဆွေးနွေးဆောင်ရွက်ရန် အခြေခံမူ ပေးပို့ခဲ့ပြီး လွှတ်တော်ကော်မတီတွင် အကြိတ်အနယ်ဆွေးနွေးကာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် သဘောတူညီလိုက်ခြင်းဖြစ်သည်ဟု ဦးတင်မောင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအောင်ကြည်ညွှန့်က  “ကော်မတီကတော့ ပုဒ်မ ၄၃၆ ကို ပြင်ပေးဖို့ သင့်တယ်ဆိုတဲ့ အနေအထားမျိုး ဆုံးဖြတ် ပေးလိုက်တယ်။ ဆက်ပြီးတော့ ဆွေးနွေးစရာတွေ လည်း ရှိပါသေးတယ်။ ကော်မတီမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရပါတယ်။ တခုတော့ ရှိတာပေါ့ ။ အမြင် သဘော ထားခြင်း မတိုက်ဆိုင်တဲ့အခါ အပြန်အလှန် ပြောဆိုကြတာမျိုးတော့ ရှိပါတယ် ” ဟု ဧရာဝတီသို့  ပြော သည်။

ထို့ပြင် လွှတ်တော်ကော်မတီက  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပါဝင်သည့် အခြေခံမူများဖြစ်သော စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီ ဆိုသောစကားလုံးအစား  ပါတီစုံဒီမိုကရေစီ ဟု ပြင်ဆင်ရန်၊ ဖက်ဒရယ် ပြည်ထောင်စု ဆိုသော စကားရပ်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လွှတ်တော် ကော်မတီက ပြင်ဆင်ရန် သဘောတူညီထားသော အချက်များကို ပြည်ထောင်စုလွှတ်တော်တင်ပြမည်ဖြစ်ရာ ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ရန် သဘောတူညီမှသာ လွှတ်တော်ကော်မတီ၏ ပြင်ဆင်ချက်များ အတည် ဖြစ်လာ မည် ဖြစ်ကြောင်း သိရှိရသည်။

“အပြင်မှာ ပြောနေကြသလို ကြံခိုင်ရေး ပါတီက မလုပ်ဘူးဆိုတဲ့ အမြင်ပျောက်စေချင်တယ်။ ကြံခိုင်ရေးပါတီက လွှတ်တော် ကော်မတီ မှာ ၁၄ ယောက် ပါတဲ့အတွက် ဒီမိုကရေစီနည်းလမ်းအရ လက်ထောင် ဆုံးဖြတ်ရင် ဦးတို့က များ တယ်။ ဦးတို့ ကိုယ်တိုင် ဦးစီးပြီးတော့ ၄၃၆ လို ပုဒ်မမျိုးကို ပြင်ဆင်ပေးခြင်း ဖြစ်ပါတယ် ” ဟု ဦးတင်မောင်ဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့များ ပူးပေါင်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြောပွဲများ ကျင်းပလျက်ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ တပ်မတော်ကို အထူးအခွင့်အရေးပေးထားသော  ပြဋ္ဌာန်းချက်များ၊ ယခင်အစိုးရ၏ လုပ်ဆောင်ချက်များကို အကာ အကွယ် ပေးထားသော ပြဋ္ဌာန်းချက်များ အပါအဝင် ယခင်စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့သော ပြဋ္ဌာန်းချက်များကို ပြင်ဆင် လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူညီပြီး ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်း ထားသည်။

Your Thoughts …
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ရှမ်းပြည်နယ်, ငြိမ်းချမ်းရေး ဆွေးနွေးပွဲ, CEDAW, မျိုးဆက်သစ်ရှမ်းပြည်အဖွဲ့, ပြည်တွင်းစစ်, လူကုန်ကူး ခံရခြင်း,

တောင်ကြီးတွင် အမျိုးသမီး အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

အင်းစိန်ထောင်, ကြိုးတိုက်, ဂဠုန်ဦးစော, နိုင်ငံရေး အကျဉ်းသား, စစ်အာဏာရှင်အုပ်ချုပ်ရေး, ၈၈ အရေးအခင်း, ABSDF, ကြိုးပေးခြင်း, စစ်ထောက်လှမ်းရေး,

ကြိုးတိုက် ဋီကာ (၄)

Please login to join discussion
No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

10 hours ago
5.5k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate