အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းသည် ယနေ့နံနက် ၆ နာရီ ၅၀ မိနစ်တွင် ပင်လုံ ဆေးရုံ၌ အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်နှင့် ဆွေမျိုးတော်စပ်သူ ဒေါက်တာ သန်းငြိမ်းအား နဝတ စစ်အစိုးရက နှစ်ရှည် အကျဉ်းချခဲ့သည်။ ဒေါက်တာ သန်းငြိမ်း သည် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ ကျောက်တန်းမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်သည်။ ၎င်း၏ ဈာပန အခမ်းအနားကို မေ ၂၃ တွင်ပြုလုပ်သွားမည်ဟု မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။