မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျာမန် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်က ယူရို ၇ သန်း အကူအညီပေးမည် ဖြစ် ကြောင်း သိရသည်။ အဆိုပါ အကူအညီပေးရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် ယမန်နေ့က ကျင်းပရာ နှစ်ဘက် တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဂျာမနီ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသို့ ၁၉၈၈ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံး ပြန်လည်ပေးအပ်သည့် အထောက်အပံ့ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။