ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက ဖမ်းဆီးခံထားရသည့် Unity ဂျာနယ် CEO နှင့် သတင်းထောက် ၄ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မဖြင့် ယမန်နေ့က တရားစွဲဆို လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ ကာကွယ် ရေး ပစ္စည်း စက်ရုံအမှတ် ၂၄ ကို လျှို့ဝှက်ဓာတုလက်နက် စက်ရုံဟု အဆိုပါ ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ပခုက္ကူထောင်တွင် ချုပ်နှောင်ထားသည့် Unity ဂျာနယ် CEO ဦးတင့်ဆန်း၊ သတင်းထောက် ကိုရာဇာဦး၊ ကိုပိုင်သက် ကျော်၊ ကိုစည်သူစိုးနှင့် ကိုလူမော်နိုင်တို့ ကို ပခုက္ကူ ခရိုင်တရားသူကြီးက စွဲချက်တင်ခြင်း ဖြစ်ကြောင်း၊ မေ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ရုံးချိန်းထားပြီး Unity ဂျာနယ်ဘက်က တင်ပြထားသည့် သက်သေ ၇ ယောက်ကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း BBC သတင်းတရပ်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။