မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် အမေရိကန်နိုင်ငံ၏ ၂၀၁၅ ခုနှစ် ဘတ်ဂျက် အသုံးစရိတ်မှ ဒေါ်လာ ၈၈ ဒသမ ၄၅ သန်း အသုံးပြုရန် လျာထားကြောင်း သိရသည်။ ယင်း ငွေကြေးများကို မြန်မာနိုင်ငံတွင် အရပ်ဘက် အသင်းအဖွဲ့အစည်းများ ခိုင်မာ အား ကောင်းလာရေး၊ ပြုပြင်ပြောင်းလဲမှု စဉ်ဆက်မပြတ် ဖြစ်ပေါ်စေရေး၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲပြီး နောက်ပိုင်း အကြပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် ဖြစ်ကြောင်း၊ မြန်မာစစ်တပ်ကို သင်တန်းပေးရာတွင် အရပ်ဘက် ဆက်ဆံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုများ စသည်တို့ အလေးထား သင်တန်းပေးသွားမည် ဖြစ်ကြောင်း VOA သတင်းတရပ်၌ ဖော်ပြထားသည်။ အမေရိကန် အစိုးရ၏ Asia Pivot ဆိုသည့် အာရှဗဟိုပြုမူ အရ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ အတွက် ၂၀၁၅ ခုနှစ် အစိုးရ အသုံးစရိတ်ကို ၁ ဒဿမ ၂ ဘီလီယံ အဆိုပြု လျာထားခြင်း ဖြစ်ပြီး၊ ယင်း ပမာဏသည် ၂၀၁၃ ခုနှစ် အသုံးစရိတ်ထက် ၅ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။