တောင်သူလယ်သမား စိုက်ပျိုးစရိတ် ချေးငွေများ ဖြစ်သည့် မိုးချေးငွေ၊ ဆောင်းချေးငွေနှင့် မိုးကြိုချေးငွေများကို ယခင်က မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်က ထုတ်ချေးခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေး ဘဏ်မှ တိုက်ရိုက် ထုတ် ချေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၉၈၃ ဒသမ ၅၇၇ ဘီလီယံကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ခံ ကြီးကြပ်မှုဖြင့် မေလကုန်နှင့် ဇွန်လအတွင်း ထုတ်ချေးသွားမည် ဖြစ်ကြောင်း၊ ယခင်က အတိုးနှုန်း ၁ နှစ် အတွက် ၈ ဒသမ ၅ ရာခိုင်နှုန်း (၁ လလျှင် ၇၁ ပြားနှုန်း) ကောက်ခံခဲ့ရာမှ ၁ နှစ်အတွက် ၅ ရာခိုင်နှုန်း (၁ လလျှင် ၄၁ ပြားနှုန်း) သို့ လျှော့ချ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။