လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် ယမန်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ ၎င်းပါတီကို ၁၉၈၈ ခုနစ်တွင် စတင်တည် ထောင် ခဲ့ပြီး ၁၉၉၁ ခုနစ်တွင် ပါတီကို မတရားအသင်း သတ်မှတ်၍ ဖျက်သိမ်းကြောင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)စစ်အစိုးရက ကြေညာခဲ့သဖြင့် မြေအောက် နိုင်ငံရေး လှုပ်ရှားမှုများကို နယ်စပ်အခြေပြု လုပ်ဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အကျဉ်းထောင်မှ လွတ်မြောက်လာသော ခေါင်းဆောင်များနှင့် ပူးပေါင်း၍ ဗဟိုကော်မတီ စုံညီ အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ၂၀၀၉ တွင် ပါတီ ဗဟိုကော်မတီ အထူး အစည်းအဝေးကို ကျင်းပ၍ ဗဟို စည်းရုံးရေး ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။