နော်ဝေးနိုင်ငံ အခြေစိုက် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီအုပ်စုတွင် စီမံခန့်ခွဲ့ရေး ဒု ဥက္ကဋ္ဌ ၃ ဦး ခန့်အပ် လိုက်ကြောင်း သိရ သည်။ အသက် ၄၉ နှစ်အရွယ်ရှိ စီမံခန့်ခွဲရေး ဒုဥက္ကဋ္ဌ Pål Wien Espen အပြင် နောက်ထပ် ၂ ဦးကို ထပ်မံ ခန့်ထားခြင်း ဖြစ်ပြီး အသက် ၅၀ အရွယ်ရှိ Henrik Clausen သည် လာမည့် ဇွန် ၁၅ ရက်တွင် စတင်တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ အသက် ၅၂ နှစ် အရွယ် Ms. Katja Christina Nordgaard သည် သြဂုတ် ၄ ရက်နေ့တွင် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီ အနေဖြင့် လုပ်ငန်းများ သွက်လက် မြန်ဆန်စွာ စီမံခန့်ခွဲနိုင်ရေး ထပ်မံ ခန့်ထားခြင်း ဖြစ်ကြောင်း ကုမ္ပဏီ၏ ကြေညာချက် တွင် ဖော်ပြထားသည်။ အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်း ၁၅ နှစ် လုပ်ကိုင်ခွင့်ကို ပြီးခဲ့ သည့် ဇန်နဝါရီလက ရရှိထားပြီး ဆက်သွယ်ရေး လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု အတွက် ဒေါ်လာ ၁ ဘီလီယံ ဝန်းကျင်အထိ သုံးစွဲသွားရန် ခန့်မှန်းထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။