သတင်းတို

စင်ကာပူ လေကြောင်းလိုင်းမှ လေယာဉ်တစီး ရန်ကုန် လေဆိပ်တွင် လမ်းချော်

This article has been converted from Zawgyi One to Unicode

စင်ကာပူ- ရန်ကုန်မြို့ ပျံသန်းပြေးဆွဲနေသော စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစီး မေလ ၂၁ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  ဆင်းသက်စဉ် ပြေးလမ်းချော်မှု တရပ်ဖြစ်ပွားခဲ့ပြီး ခရီးသည်များ ထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း ပြန်ကြားရေးဒုတိယဝန်ကြီးဦးရဲထွဋ်၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် ဖော်ပြထားသည်။ လေယာဉ်တွင် ပိုင်းလော့အပါအဝင် ဝန်ထမ်း ၁၃ ဦး၊ ခရီးသည် ၂၅၂ ဦးလိုက်ပါကြောင်း သိရှိရသည်။

Loading