သတင်းတို
အပစ်ရပ် မူကြမ်းတွင် ဖက်ဒရယ်မူဆိုင်ရာ သဘောတူ
This article has been converted from Zawgyi One to Unicode
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြား ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာ တွင် မေ ၂၁ ရက်ကစတင်ပြီး ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်လျက်ရှိရာ ဖက်ဒရယ်ကိစ္စကို မူအားဖြင့် နှစ်ဘက် သဘောတူလိုက်သည်ဟု ဆိုသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UWPC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ ယမန်နေ့က ပြုလုပ်သည့် အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် အပစ်ရပ်မူကြမ်း အချက်ပေါင်း ၁၂၂ ချက်မှ ၇၇ ချက် သဘောတူ ခဲ့ကြောင်း၊ ကျန် ၄၅ ချက်ကို ဆက်လက်ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။