ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ ၁၀/၂၀၁၄ အစည်းအဝေးကို ယမန်နေ့က ပြည် ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်း သိရသည်။ အစည်းအဝေး၌ ဖွဲ့စည်းပုံ အခြခံဥပဒေ အခန်း ၁ တွင်ပါဝင်သော ပုဒ်မစဉ် အတိုင်း ပုဒ်မ ၂၀ မှ စ၍ ပုဒ်မ ၃၉ အထိ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထု၏ အကြံပြုချက်များ အပေါ် အဖွဲ့ဝင်များက ဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြန်ရန် အချက်များကို ဆုံးဖြတ်ခဲ့ကြောင်း၊ အစည်းအဝေးကို နေ့စဉ် နံနက် ၁၀ နာရီမှ စတင်၍ ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်း တရပ်၌ ဖော်ပြထားသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဦးနန္ဒကျော်စွာက တာဝန်ယူဆောင်ရွက် လျက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။