• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
in သတင်း
A A
UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရုံးဖွင့်ထားသော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် ခြံအမှတ် ၂၃/အေ (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)

6.2k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF)၏ ရန်ကုန်မြို့ရှိ ရုံးခန်းအတွက် တလလျှင် အမေရိကန် ဒေါ်လာ ၈၇၀၀၀ နှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း UNICEF က သတင်း ထုတ်ပြန်လိုက်သည်။

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ ၈၇၀၀၀ နှုန်းဖြင့် ၇ နှစ်စာ စာချုပ်ချုပ်ဆို ထားကြောင်း UNICEF ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
52
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
588
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
184

ဆက်လက်၍ အဆိုပါ အိမ်ခြံကို ပိုင်ဆိုင်သူသည် အမျိုးသမီးတဦး ဖြစ်ကြောင်း ဖော်ပြထားပြီး ထိုအမျိုးသမီးနှင့် မိ သားစု သည် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် မပါရှိသကဲ့သို့ ရာဇဝတ်ပြစ်မှု ကျူးလွန်ထားခြင်းမျိုးလည်း မရှိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

သို့သော် အိမ်ပိုင်ရှင်၏ မိသားစုဝင် တဦးသည် ယခင်စစ်အစိုးရအဖွဲ့၏ ထိပ်တန်း တာဝန်ရှိသူတဦး အဖြစ် ပါဝင်ခဲ့ဖူး သည် ဟု သာ ဖော်ပြထားသည်။

အဆိုပါ UNICEF ရုံးခန်းငှားရမ်းထားရာ အိမ်၊ ခြံသည် ယခင် စစ်အစိုးရ လက်ထက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ဟောင်း ညွန့်တင် ပိုင်ဖြစ်သည်ဟု သိရသည်။

အငြိမ်းစား ဗိုလ်ချုပ်ညွန့်တင်သည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလွန်နီးစပ်သည့် သူတဦးဖြစ် ကြောင်းလည်း စစ်တပ် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ဗိုလ်ချုပ်ဟောင်း ညွှန့်တင်သည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) စစ်ကောင်စီ တဖြစ်လည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရအဖွဲ့၌ စစ်ရာထူး ဗိုလ်မှူးချုပ် အဆင့်ဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန(လယ်/ဆည်) ဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၀၃ ခုနှစ် ကတည်းက တာဝန်မှ ရပ်စဲခံခဲ့ရသူ ဖြစ်သည်။

အထူးသဖြင့် ဗိုလ်ချုပ်ညွန့်တင်သည် ဗိုလ်ချုပ်မှူးကြီး မိသားစု၏ စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးပိုင်ဆိုင်မှုများကို အဓိက စီမံရသူတဦး စာရင်းတွင် ပါဝင်သူဖြစ်သည်။

ဗိုလ်ချုပ်ညွန့်တင်အား တာဝန်မှ ရပ်စဲလိုက်ခြင်းမှာ ၎င်း၏ ယောက္ဖတော်စပ်သူ ဦးမျိုးဟိန်းက ဗိုလ်ချုပ်မှူးကြီး၏ မိသားစုပိုင် အမေရိကန် ဒေါ်လာ သန်းနှင့်ချီ၍ အလွဲသုံးစားလုပ်ကာ နိုင်ငံမှ ထွက်ပြေးသွား၍ ဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းက ပြော သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခြေလျင် တပ်ရင်း(ခလရ) ၁ တပ်ရင်းမှူး လုပ်ခဲ့စဉ် မေမြို့စစ်တက္ကသိုလ်(D.S.A) အပတ်စဉ် ၇ ကျောင်းဆင်း ဗိုလ် ညွှန့်တင် သည် တပ်ရင်းမှူး၏ အနီးကပ် ထောက်လှမ်းရေး အရာရှိ တဦး တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

ထို့နောက်ပိုင်း ရာထူးအဆင့်ဆင့် မြင့်တက်ကာ ပဲခူးတိုင်း ပြည်မြို့အခြေစိုက် တပ်မ ၆၆ တပ်မှူးအဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့ပြီးနောက် လယ်/ဆည် ဝန်ကြီး ဖြစ်လာခြင်းဖြစ်သည်။

ဗိုလ်ချုပ်ညွှန့်တင်နှင့် မိသားစုသည် ၎င်းအနေဖြင့် စစ်တပ်နှင့် အစိုးရအဖွဲ့တို့တွင် တာဝန်ထမ်းဆောင်နေစဉ် ကာလတ လျှောက် ပိုင်ဆိုင်ခဲ့သည့် အိမ်၊ ခြံ၊ မြေနှင့် စီးပွားရေး လုပ်ငန်းများစွာ ရှိသည်ဟုလည်း စစ်တပ်အသိုင်းအဝိုင်းက ပြောဆိုနေကြ သည်။

ယခင် စစ်အစိုးရများ၏ စီးပွားရေးနှင့် အကျိုးစီးပွားကို အဓိက ဖော်ဆောင်ပေးခဲ့ကြသော ဗိုလ်ချုပ် ညွှန့်တင်နှင့် ၎င်း၏ မိသားစု ဝင်များကို အမေရိကန် အစိုးရ၏ စီးပွားရေး ဒဏ်ခတ်မှု နာမည်ပျက် စာရင်းသွင်းထားရာ သမီးဖြစ်သူ ဒေါ်သူသူ အိဟန် နှင့် သားဖြစ်သူ ဦးကျော်မျိုးညွန့် တို့လည်း အပါအဝင်ဖြစ်သည်။

အထူးသဖြင့် ရန်ကုန်မြို့ရှိ အလွန်တန်ဖိုးမြင့် အိမ်၊ ခြံမြေနေရာများဖြစ်သော ဝင်ဒါမီယာ၊ ရွှေတောင်ကြား၊ ဗိုလ်ချုပ်ရွာ စသည့် နေရာအများစုတွင် စစ်အရာရှိကြီးများ၊ စစ်တပ်နှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများက အိမ်ကြီး အိမ်ကောင်းများကို ပိုင်ဆိုင်ကြသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် စစ် အစိုးရခေတ် အဆက်ဆက်ကတည်းက စစ်ဗိုလ်ချုပ်ဟောင်းများ၊ ထိပ်တန်း အကြီးအကဲများနှင့် စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ခရိုနီအများစု တို့သည် ရန်ကုန်မြို့နှင့် မြို့ကြီးများရှိ တန်ဖိုး အကြီးဆုံး နေရာများကို ပိုင်ဆိုင်ကြသည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှ အရပ်ဝတ် ပြောင်းလဲထားသည့် အရပ်သား အစိုးရတက် လာပြီး စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာသည့်နောက်ပိုင်း နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် ရန်ကုန်နှင့် မြို့ကြီးများတွင် ရုံးခန်း၊ အိမ်၊ ခြံမြေများ ငှားရမ်းကြရာ အဆမတန် ပေးနေကြရကြောင်းလည်း ဧရာဝတီ က စုံစမ်း သိရှိရသည်။

Your Thoughts …
Tags: EconomyUNICEFဗိုလ်ချုပ် ညွန်တင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေရန်ကုန် ရုံးခန်းငှားခအမေရိကန် ဒေါ်လာ ၈၇၀၀၀
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

by ဧရာဝတီ
25 July 2024
18.5k

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ထိပ်တန်းခေါင်းဆောင်ဟောင်းများ၏ နေအိမ်များကို စောင့်ကြည့်ရန် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ညွန်ကြားခဲ့သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.3k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
5.1k

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ

ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ

by Hannah Beech
4 January 2022
19.3k

ကျော်သောင်းမိသားစုသည် ကမ္ဘာ့အကြမ်းကြုတ်ဆုံး စစ်တပ်ကို တိတ်တဆိတ်လက်နက် တပ်ဆင်ကူညီလျက်ရှိနေပါသည်။

(ဝဲမှယာ) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လေတပ်ဦးစီးချုပ် မြတ်ဟိန်းနှင့် သမ္မတ ဦးသိန်းစိန်

ဦးသန်းရွှေ၏ “သမ္မတလေယာဉ်အိပ်မက်” ဘယ်လိုပျက်

by ဧရာဝတီ
1 March 2023
12.9k

An-148 ပျက်ကျခြင်းနှင့်အတူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏တပည့် ဦးသိန်းစိန်အတွက် “အမေရိကန် သမ္မတစီးသည့် လေယာဉ်သဖွယ်ဖြစ်သော” လေယာဉ် ဝယ်ယူရေး အိပ်မက်သည် တစစီပြိုကွဲသွားခဲ့သည်။

Next Post
သွားပါများ ခရီးရောက်

သွားပါများ ခရီးရောက်

စိုက်ပျိုးစရိတ် ချေးငွေ, မိုးစပါး,အစိုးရ, မြန်မာ့ စီးပွားရေး ဘဏ်,

စိုက်ပျိုးစရိတ် ချေးငွေ အစိုးရ လျှော့ချ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate