သမ္မတ ဦးသိန်းစိန် ပြောသည့် ဒီမိုကရေစီသည် ကျောင်းသားများကို တုတ်နှင့်ရိုက်ပြီး လယ်သမားကို ဓားနှင့်ထိုးသည့် ဒီမိုကရေစီ ဖြစ်ကြောင်း ပဲခူးတိုင်း သဲကုန်းမြို့ လယ်သမားအရေး ဆန္ဒပြနေသည့် ဗကသ အဖွဲ့ချုပ်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ဧရာဝတီ ကို ပြောဆိုသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရသည်လည်း စစ်အစိုးရ လက်ကထက်က ကဲ့သို့ အုပ်ချုပ်နေဆဲ ဖြစ်ကြောင်း၊ အကြမ်း ဖက်မှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရတွင် တာဝန်ရှိကြောင်း ၎င်းက ပြောသည်။ သဲကုန်းသပိတ်စခန်း အကြမ်းဖက် ဖြိုးခွင်း ခံရမှု ၃ လပြည့် အထိမ်းအမှတ်အမှတ် အဖြစ် မေ ၁၄ ရက်နေ့က တောင်သူများနှင့် ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားများ ဆန္ဒပြ တောင်းဆိုခဲ့ရာ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း၊ ယင်း ဖြစ်ရပ်အပေါ် တာဝန်ရှိသူများအား ဖော် ထုတ် အရေးယူပေး ရန် ယမန်နေ့ နံနက်က ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားများနှင့် လူ့ဘောင်သစ်မှ လူငယ် ၄၀ ခန့်သည် ပြည်ခရိုင် တရားရုံးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံးရှေ့တွင် ဆန္ဒပြခြင်း ဖြစ်သည်။ ဆက်လက်၍ ရန်ကုန်မြို့နှင့် တောင်ငူမြို့ များတွင်လည်း ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။