ယနေ့ နံနက် ၉ နာရီအချိန် တိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လိမ္မော်ရောင် မုန်တိုင်းငယ်သည် လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့ခဲ့ပြီ ဖြစ်ကြောင်း မိုးလေဝပညာရှင် ဦးထွန်းလွင်၏ ဖေ့စ်ဘုတ် လူမှုကွန် ရက်တွင် ဖော်ပြထားသည်။ အဆိုပါ မုန်တိုင်းသည် လွန်ခဲ့သည့် ၆ နာရီအတွင်းက မူလရွေ့လျားရာနှင့် ဆန့်ကျင်ဘက် ဖြစ်သည့် အနောက်တောင်ဘက်ကို ဦးတည် ရွေ့လျားနေကြောင်းနှင့် ရေပြင် မြေပြင်လေသည် တနာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင် ကြောင်း သတိပေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။